Monday, 23 January 2012
မဖြစ်စလောက် ...
ချစ်သူ ..
ငါ့ပခုံးက သေးသေးလေးပေမယ့် ... မင်း စိတ်ပင်ပန်းတဲ့ တစ်ခါတစ်လေမှာ မှီဖို့အတွက် အသုံးတည့်မှာပါ ။
ငါ့လက်ဖ၀ါး လေးက ပျော့ညံ့သေးကွေးပေမယ့် ... မင်း ၀မ်းနည်းမိတဲ့ တစ်ခါတစ်လေမှာ ..
အဲဒီနာကျင်မှုတွေကို ဆုပ်ချေပစ်လိုက်ဖို့ လေက်တော့ အင်အားရှိနေပါတယ် ။
ငါ့ခြေထောက်တွေက .. သေးငယ် နှေးကွေးပေမယ့် ... လူတွေနဲ့အဝေး တစ်နေ၇ာကို ထွက်သွားလိုတဲ့အခါ .. မင်း နဲ့ အတူ အပြေးလိုက်နိုင်ဖို့ မြန်နှုန်းအားတွေကို ပိုင်ဆိုင်ပါသေးတယ် ။
ငါ့ နှလုံးသားက မကြံ့ခိုင်ပေမယ့် ... မင်းနှလုံးသွေးလည်ပတ်မှုတွေကို ဆက်လက်နွေးခုန်စေဖို့ ... တွန်းအားတစ်ခုလောက်တော့ ပေးနိုင်မှာပါ ။
ငါ့ရင်ခွင်က မင်း၇င်ခွင်လောက် မကြီးမား မကျယ်ပြန့်ပေမယ့် ... မင်းခိုလှုံချင်တဲ့ အခိုက်အတန့် တစ်ခဏ သာ မက တစ်သက်တာ အတွက်ပါ နွေးထွေးမှုတွေကို ပေးစွမ်းနိုင်ပါတယ် ။
ငါ့အနားဆက်ရှိနေပေးပါလို့ မတောင်းဆိုလိုပေမယ့် .. ငါ့၇ဲ့ မဖြစ်စလောက်တဲ့ အသုံးတည့်မှုတွေကို တော့ .. မင်းအတွက်ပဲ ပေးခွင့်၇ချင်နေမိတာ ဟာ .. ငါ့၇ဲ့ မသုံးမကျမှုတွေထဲက အကြီးမားဆုံးသော အတ္တ တစ်ခုဖြစ်နေဆဲပါ ။
ကြယ်စင်ဝိုင်း
23/01/2012
7:24 pm

Saturday, 21 January 2012
ရင်ရိပ်စစ် သို့ ....
အဖေ နဲ့ အမေ ..
အိမ်ကို အရမ်း လွမ်းနေပါတယ် ။
အိမ်နဲ့ ဝေးနေရတဲ့ အခိုက်အတန့်မှာ .. သမီးအတွက် အပြင်လောက သင်ခန်းစာတွေ အများကြီး ရနေပါတယ် ။ ရင်ဘတ်ချင်းမတူသူတွေ ... စိတ်ဓာတ်ချင်း မကိုက်ညီသူတွေ ... နှလုံးသား ချင်း သဟဇာတ မဖြစ်သူ တွေ ၊ ခံစားမှုချင်း မတိုက်ဆိုင်သူတွေ ၊ ကိုယ့်ကို အမြင်မကြည်သူတွေ ၊ ကိုယ့်ကို အလဲထိုးဖို့ တိုက်ခိုက်သူတွေ ၊ ကိုယ့်ကို ကိုယ်ချင်းမစာနာသူတွေ ၊ အို .. စုံလို့ပါပဲ အမေ ၇ယ် ။
အဖေ နဲ့ အမေ ရဲ့ ၇င်ခွင် နဲ့ အဝေးတစ်နေ၇ာမှာ လောကကြီးကို လမ်းထွက်လျှောက်ကြည့်မိခါမှ .. နေ့တိုင်း နေမသာဘူး ၊ ညတိုင်းလည်း မအေးမြဘူး ဆိုတာ သိလာတယ် ။ သမီး ရဲ့ ခြေထောက်တွေ သန်မာဖို့ လိုသေးတာ ကို သိလာတယ် ။ သမီးရဲ့ လက်တွေ မြဲမြံအောင် ဆွဲဆုပ်ကိုင်နိုင်ဖို့ လိုသေးကြောင်း သိလာတယ် ။ သမီး၇ဲ့ ရင်ဘတ်ကနုညံ့တဲ့ နှလုံးသား ကိုလည်း အများကြီး ကြံ့ခိုင်အောင် လုပ်ဖို့လိုသေးတယ် ။ သမီး၇ဲ့ ပျော့ညံ့ ထိရှလွယ်တဲ့ စိတ်ဓာတ်ကို အများကြီး လေ့ကျင့် တည်ဆောက်ရဦးမယ် ။ တစ်ခုခုဆို၇င် နက်နက်ရှိုင်းရှိုင်းခံစားတတ်တဲ့ သမီး ရဲ့ စိတ်နှလုံးကို အမြင်မတူ သူ ၇င်ဘတ်ချင်း မတူသူ တွေကြားမှာ ... ဆက်ပြီး ရှင်သန်အားမွေးနိုင်ဖို့ ... ခွန်အားတွေဖြည့်ဖို့ ကြိုးစားရပါဦးမယ် ။
အဖေ နဲ့ အမေ ...
ဒီလူတွေကြားထဲမှာ ..လမ်းလျှောက်ကြည့်ခွင့် ပေးခဲ့တဲ့ အတွက် ... အခုဆို ... ..လူတွေ၇ဲ့ ကောင်းတာတွေေ၇ာ .. မကောင်းတာတွေကို ပါ သိခွင့်၇ခဲ့ပါပြီ ။ တစ်ခါတစ်ခါ သမီး သူတို့တွေကြားထဲ ထပ်မလျှောက်ရဲလောက်အောင် ထိတ်လန့်မိတယ် ။ တစ်ခါတစ်ခါ သူတို့တွေနဲ့ တွေဖို့ .. ဟန်ဆောင် အပြုံး တွေကို မြင်၇ဖို့ကို စိုး၇ွံ့မိတယ် ။ ၇ိုင်းစိုင်းတဲ့ စကား ၊ အပြု အမူ ၊ အလဲထိုး မှု တွေကို သမီးကြုံ ၇ပေမယ့် သမီးဘက်က ပြန်မ၇ိုင်းခဲ့ပါဘူး အမေ ။ ဘာကြောင့်လဲဆိုတော့ .. သမီး၇ဲ့ နှလုံးသားမှာ လည်ပတ်နေတဲ့ သွေးတွေက အဖေ နဲ့ အမေ ဆီက ပေါင်းစပ်စီးဆင်းလာ တဲ့ သွေးတွေ ဖြစ်နေလို့ပါ ။
အမေက ပန်းတွေပန်ပြီး အမြဲတမ်း ငြိမ်းအေးနွေးထွေးတဲ့ အပြုံးတစ်ခု ကို လူတွေကို ပြန်ပေးတတ်တာ ကို အောက်မေ့တယ် ။ ဘ၀ဆိုတာ သုညက စခဲ့လို့ အခု ၁၀၀ ကနေ သုညေ၇ာက်သွားလည်း ဘာမှဆုံး၇ှုံးစ၇ာမ၇ှိ ၊ တစ်နေ့ကျ၇င် သုည အနေအထားနဲ့ပဲ ထွက်ခွါ၇မှာပဲလို့ အမြဲတမ်းပြောတတ်တဲ့ အဖေရဲ့ သည်းခံနိုင်စွမ်းတဲ့ စိတ်၊ ခွင့်လွတ်နိုင်စွမ်းတဲ့ စိတ် ကို လည်း သမီး အောက်မေ့တယ် ။ အဖေ နဲ့ အမေ ၇ဲ့ စကားတွေ ၊ ဆုံးမမှုတွေ၊ စိတ်ဓာတ်တွေ ကို သမီး လျှောက်ရတဲ့ လမ်းတစ်လျှောက်မှာ ခွန်အားတွေ အဖြစ် အသုံးချ နေပါတယ် ။
သမီး လမ်းဆက်လျှောက်၇င်း တစ်ခုသော ပန်းတိုင်ကိုေ၇ာက်တဲ့အခါ အဖေ နဲ့ အမေ ရဲ့ နွေးထွေးအိမ်ကို ပြန်လာခဲ့မှာပါ ။ သမီး ခြေထောက်တွေ ယိုင်နဲ့ခဲ့ချိန်တိုင်း အမေ့ စိတ်ဓာတ်နဲ့ အားတင်းခဲ့ပါတယ် ။ သမီး နှလုံးသား ပူလောင် ၊ နာကျင်ခံစား၇တိုင်း အဖေ့လို ခွင့်လွတ်တတ်တဲ့ စိတ်နဲ့ ပြန်လည် အေးမြခဲ့ပါတယ် ။ . ချစ်သောမျက်စိဖြင့် ကြည့်တတ်ပါစေ သမီး ၇ယ် ...တဲ့ ၊ အမေ ခဏခဏ ပြောတဲ့စကားကိုလည်း သမီး မမေ့ပါဘူး ။ သမီး ကြိုးစားနေပါတယ် အမေ ။
အဖေ နဲ့ အမေ ရဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ သမီး ပန်းတိုင်ေ၇ာက်အောင် ဆက်လျှောက်သွားပါ့မယ် ။ ခုံအောက်မှာ ၀င်ပုန်းချင်နေတဲ့ သမီး၇ဲ့ ပျော့ညံမှုတွေကို သမီး ဖျောက်နိုင်အောင် လုပ်နေပါတယ်။ သမီးက အမြင့်ပျံငှက်တစ်ကောင် မဟုတ်သေးပါဘူး ။ တစ်ဖြည်းဖြည်း နဲ့ သာ လျှောက်တတ်တဲ့ လိပ်လေးတစ်ကောင်ပါ ။
အဖေ နဲ့ အမေ ..
အထီးကျန်ချိန်တွေ သိပ်မကြာနိုင်တော့ပါဘူး ။ သိပ်မကြာသောတစ်နေ့မှာ .. အဖေ ကို ကူဖို့ .. အမေ့ကို တစ်လှည့် အဖော်လုပ်ပေးဖို့ ...သမီး ပြန်လာခဲ့ပါမယ် ။ နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘ၀ ဆိုတာကို ငွေကြေးက မဦးဆောင်နိုင် ဘူး ။ မေတ္တာ နဲ့ အချိန် ကသာ ဦးဆောင် နိုင်ကြောင်း သမီး သိလာပါပြီ ။
တစ်နေ့နေ့ ..
အဲဒီတစ်နေ့ ဆိုတာ ...
သိပ်မဝေးတော့ပါ ။
အဖေ နဲ့ အမေ .. ကျန်းကျန်းမာမာ နဲ့ သမီးတို့ကို ဆက်စောင့်ပေးကြပါ ။
သမီး နဲ့ မောင်လေး ... အဖေ နဲ့ အမေ တို့၇ဲ့ ၇င်ခွင်ကို အမြဲတမ်း အောက်မေ့၇င်း ...
အားတင်း၇င်း ... ရင်ဝေးအိမ် မှာ ကြိုစားနေပါတယ် ။
( အိမ်ကို လွမ်း မိ လို့ ... ချေ၇းမိသော စာတစ်စောင် ပါ ... )
ကြယ်စင်ဝိုင်း
22/01/2012
1:44 am

Sunday, 15 January 2012
Thursday, 12 January 2012
Saturday, 7 January 2012
ချစ်သော ...ရန်သူ
ကျွန်မဘ၀မှာ ...
ရန်သူ တစ်ယောက် ဘယ်တော့မှ ..ရှိမလာနိုင်ဘူး လို့ ယုံကြည်ခဲ့တယ် ။
ကျွန်မ၇ဲ့ ...
နေ့ညတွေ ..ခံစားချက်တွေ ..နာကျင်ခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ၊ တိုင်တည်ခြင်းတွေ ...နဲ့ ကျွန်မဘ၀၇ဲ့ ကျန်နေတဲ့ သက်တမ်းတစ်ဝက် ၇ဲ့ အ၇ာအားလုံးကို သိမ်းပိုက်သွားခဲ့တယ် ။
ကျွန်မ၇ဲ့ နှလုံးသားကို အကျဉ်းချထားနိုင်ခဲ့တယ် ။
ကျွန်မ၇ဲ့ ခြေလှမ်းတွေ ၊ စိတ်ဝိညဉ်တွေကို ချစ်တယ်ဆိုတဲ့ စကားသံတစ်ခွန်း ၊ အကြည့်တစ်ချက်က အိပ်မွေ့ချထားနိုင်တယ် ။
" မင်းအနားကနေ ငါ အချိန်မေ၇ွး လှည့်ထွက်သွားလို့၇တယ် " ဆိုတဲ့ စကားတစ်ခွန်းကလည်း
ကျွန်မနှလုံးသားကို မသေမ၇ှင် သတ်ပစ်လိုက်ပြီးပြီ ။
မောင်ဟာ ..
ကျွန်မနှလုံးသား၇ဲ့ ၇န်သူလည်း ဖြစ်တယ် ၊ ထာဝရ ချစ်သူလည်း ဖြစ်တယ် ။
ကြယ်စင်ဝိုင်း
7/1/12
4:44 pm

Subscribe to:
Posts (Atom)