ချစ်သူ ...
ငါ့လက်ဝါးနှစ်ဘက်ထဲက ...
ပျော်ရွှင်မှုတစ်ဘက် ကို သာ ပေးပြီး နာကျင်မှု တစ်ဘက်ကို ငါယူပါ၇စေ ။
နေလောင်မှုတစ်ဘက်မှာ ငါနေပြီး အေးငြိမ်းမှုတစ်ဘက်မှာ နင်နေပေးပါ ။
ချစ်နေခွင့်၇နေရုံလေး
နင့်အနားကနေ နီးနီးဝေးဝေး နေခွင့်ပြုပေးပါ။
နင်ရဲ့ဂရုစိုက်မှု စကားတစ်ခွန်းကို ဖုန်းထဲက ကြားရရုံ ... SMS လေး ဖတ်၇၇ုံနဲ့တောင် ငါရဲ့နေ့ညတွေ ကို ဆက်၇င်ဆိုင်ဖို့ အားတွေ၇နေခဲ့တာပါ။
ငါ မေ့ဆေး ဘယ်နှစ်ကြိမ်ပဲ ထိထိ . တဖြည်းဖြည်းနဲ့ တစ်ချို့သော အကြောင်းအ၇ာတွေကို ဘယ်လောက်ပဲ မေ့တတ် မေ့တတ် ..
ငါ့ အသိဥာဏ်ထဲမှာ နင့်ကို ဘယ်တော့မှ မမေ့လျော့ခဲ့သေးဘူး ။
ငါ ဆေးဒဏ်တွေကြောင့် ပုံမှန်ရင်ခုန်နေနိုင်တာထက် ... နင်ကပြောတဲ့ .. '' စိတ်ပူတယ် .. ဂရုစိုက်ပါ '' ဆိုတဲ့ စကားတစ်ခွန်းက ငါ့နှလုံးသားကို ပုံမှန်၇ှင်သန်စေခဲ့တာပါ ။
ငါ့အတွက် မနက်ဖြန်ဆိုတာ တွေးစ၇ာမလိုတဲ့ အနာဂတ်တစ်ခု ဆိုတာ သေချာနေခဲ့ပြီမို့ ...ငါတွေးတဲ့ မနက်ဖြန်ဆိုတာ .. နင့်မနက်ဖြန်တွေချည်းပါ ။ ငါ့အတွက် '' ဒီနေ့ '' ဆိုတဲ့ တစ်နေ့စာ အတွက်ပဲ ငါခံစား တယ် .. ငါရှင်သန်တယ် ။ ဒီနေ့တိုင်းဟာ ..ငါ့အတွက် နောက်ဆုံးနေ့တွေချည်းပဲ ။ မနက်ဖြန်ဆိုတာ နင့်အတွက်ချည်းပဲ ။ ( ဒီလိုပြော လို့ ... နင်၇ီမောခဲ့တယ် ။ အဲဒီ၇ီသံလေးကို ငါ ချစ်တယ် )
ငါ့အမှားတွေကြောင့် နင်ငိုခဲ့ဖူးပြီ ။ ငါ့လုပ်ရပ်တွေကြောင့် နင်နာကျင်ခံစားဖူးခဲ့ပြီ။ အခု ငါ့အလှည့်ပဲမို့ ငါပေးဆပ်တယ်လို့ ငါ မခံယူဖူးဘူး ။ နင့်ကို ပျော်ရွှင်စေချင်တယ် ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ပဲ နင့်အနားမှာ ဆက်နေချင်ခဲ့တာပါ ။ ဆက်ချစ်ခွင့်၇ချင်ခဲ့တာပါ။ ငါ့ကြောင့် နင်မပျော်၇ွှင်၇ဘူးဆိုရင်တော့ ... ငါ ကျန် နေခဲ့ပေးမယ် ။။ နင့်အနာဂတ်မှာ ငါ မပါဝင် ရတာ အရေးမကြီးဘူး ။ နင် ပျော်နေတယ် ဆို၇င် ငါ့အတွက် အဓိပ္ပါယ် ၇ှိနေပြီ ။
ချစ်သူ .. ငါ့အတ္တတွေကိုဇောင်းပေးခဲ့တယ် .. အေ၇ာင်တွေတောက်ပအောင် ငါ ခြယ်နေတယ်လို့ နင်ထင်ပါ။ ဒီကမ္ဘာမှာ နင့်အမေ ကလွဲရင် နင့်အတွက် ပိုစိတ်ပူတတ်တဲ့ မိန်းမတစ်ယောက် ထပ်မ၇ှိနိုင်ဘူး လို့ နင် ယူဆပါ။ နင်ယုံကြည်ပါ ။ နင်နဲ့ပတ်သက်၇င် ငါ့  အတ္တ တွေ အေ၇ာင်မှိန်သွားခဲ့တာ ကြာပါပြီဟာ ။
ငါ့၇ဲ့  အသုံးမကျမှုတွေ ၊ ငါ့၇ဲ့ အားနည်းချက်တွေ ၊ ငါ့၇ဲ့ အမှားအယွင်းတွေက နင့်ကို စိတ်ပူစေခဲ့တယ် ။ ငါတစ်ခုလွဲချော်သွားတိုင်း နင်က စိတ်ပူပြီး ပွစိပွစိ လုပ်၇င် ငါပိုပျော်ခဲ့ရတယ် ။ ငါ့ကို ဂ၇ုစိုက်စေချင်တဲ့ ငါ့ရဲ့ အတ္တသေးသေးလေးပါ ချစ်သူ ။ ဒါပေမဲ့ ... အနာဂတ်မှာ ငါ့အတွက် နင်စိတ်ပူစ၇ာ မရှိတော့ပါဘူး ။
နင့်အနာဂတ်မှာ ငါ စွက်ဖက်နိုင်တော့မှာ မဟုတ်လို့ပဲ ။
နင်နဲ့ပတ်သက်တဲ့ အတ္တကြီးကြီးမားမားတွေ ငါပိုင်ဆိုင်ထားတယ် ။
နင့်ကို ပျော်ရွှ့င်စေချင်တယ် ။
နင် အောင်မြင်တာကို မြင်ချင်တယ်။
နင့်ဘ၀အိပ်မက်အတွက် နင် ပျော်ရွှင်စွာ လျှောက်လှမ်းနေတာမျိုးကို ငါ မြင်ခွင့်၇ချင်သေးတယ် ။
ချစ်သူ ...
အ၇ာအားလုံးကို ဘယ်တော့မှ အ၇ှုံးမပေးပါနဲ့ ။
ငါ အားမပေးနိုင်တော့၇င်တောင် ... နင် လုပ်နိုင်တယ်ဆိုတာ နင့်ကိုယ်နင် ယုံကြည်ထားပါ ။
နင့်အနာဂတ်အိပ်မက်တွေကို အများကြီး မျှော်လင့်နေတဲ့ အမေတစ်ယောက် စောင့်နေတယ်ဆိုတာ ကို နင် မမေ့လိုက်နဲ့ ။
ပျော်ရွှင်ပါစေ ချစ်သောသူ .......
ကြယ်စင်ဝိုင်း
29/12/11
3:00 pm
No comments:
Post a Comment