Monday, 23 January 2012

မဖြစ်စလောက် ...

ချစ်သူ ..

ငါ့ပခုံးက သေးသေးလေးပေမယ့်  ... မင်း စိတ်ပင်ပန်းတဲ့ တစ်ခါတစ်လေမှာ မှီဖို့အတွက် အသုံးတည့်မှာပါ ။

ငါ့လက်ဖ၀ါး လေးက ပျော့ညံ့သေးကွေးပေမယ့်  ... မင်း ၀မ်းနည်းမိတဲ့ တစ်ခါတစ်လေမှာ ..
အဲဒီနာကျင်မှုတွေကို ဆုပ်ချေပစ်လိုက်ဖို့ လေက်တော့ အင်အားရှိနေပါတယ် ။

ငါ့ခြေထောက်တွေက .. သေးငယ် နှေးကွေးပေမယ့်  ... လူတွေနဲ့အဝေး တစ်နေ၇ာကို ထွက်သွားလိုတဲ့အခါ .. မင်း နဲ့ အတူ အပြေးလိုက်နိုင်ဖို့ မြန်နှုန်းအားတွေကို ပိုင်ဆိုင်ပါသေးတယ် ။

ငါ့ နှလုံးသားက မကြံ့ခိုင်ပေမယ့်   ... မင်းနှလုံးသွေးလည်ပတ်မှုတွေကို ဆက်လက်နွေးခုန်စေဖို့ ... တွန်းအားတစ်ခုလောက်တော့ ပေးနိုင်မှာပါ ။

ငါ့ရင်ခွင်က မင်း၇င်ခွင်လောက် မကြီးမား မကျယ်ပြန့်ပေမယ့်  ... မင်းခိုလှုံချင်တဲ့ အခိုက်အတန့် တစ်ခဏ သာ မက တစ်သက်တာ အတွက်ပါ  နွေးထွေးမှုတွေကို ပေးစွမ်းနိုင်ပါတယ် ။

ငါ့အနားဆက်ရှိနေပေးပါလို့  မတောင်းဆိုလိုပေမယ့်  .. ငါ့၇ဲ့ မဖြစ်စလောက်တဲ့ အသုံးတည့်မှုတွေကို တော့  .. မင်းအတွက်ပဲ ပေးခွင့်၇ချင်နေမိတာ ဟာ .. ငါ့၇ဲ့  မသုံးမကျမှုတွေထဲက အကြီးမားဆုံးသော အတ္တ တစ်ခုဖြစ်နေဆဲပါ ။


ကြယ်စင်ဝိုင်း
23/01/2012
7:24 pm

No comments:

Post a Comment