Saturday, 7 January 2012

ချစ်သော ...ရန်သူ

ကျွန်မဘ၀မှာ ...
ရန်သူ တစ်ယောက် ဘယ်တော့မှ ..ရှိမလာနိုင်ဘူး လို့ ယုံကြည်ခဲ့တယ် ။


ကျွန်မ၇ဲ့   ...
နေ့ညတွေ ..ခံစားချက်တွေ ..နာကျင်ခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ၊ တိုင်တည်ခြင်းတွေ ...နဲ့  ကျွန်မဘ၀၇ဲ့  ကျန်နေတဲ့ သက်တမ်းတစ်ဝက် ၇ဲ့  အ၇ာအားလုံးကို သိမ်းပိုက်သွားခဲ့တယ် ။
ကျွန်မ၇ဲ့ နှလုံးသားကို အကျဉ်းချထားနိုင်ခဲ့တယ် ။
ကျွန်မ၇ဲ့ ခြေလှမ်းတွေ ၊ စိတ်ဝိညဉ်တွေကို  ချစ်တယ်ဆိုတဲ့ စကားသံတစ်ခွန်း ၊ အကြည့်တစ်ချက်က အိပ်မွေ့ချထားနိုင်တယ် ။
" မင်းအနားကနေ ငါ အချိန်မေ၇ွး လှည့်ထွက်သွားလို့၇တယ် " ဆိုတဲ့ စကားတစ်ခွန်းကလည်း
ကျွန်မနှလုံးသားကို မသေမ၇ှင် သတ်ပစ်လိုက်ပြီးပြီ ။

မောင်ဟာ ..
ကျွန်မနှလုံးသား၇ဲ့  ၇န်သူလည်း ဖြစ်တယ် ၊ ထာဝရ ချစ်သူလည်း ဖြစ်တယ် ။



ကြယ်စင်ဝိုင်း
7/1/12
4:44 pm

1 comment:

  1. girl,,,,how great u r! I'll be yours reader

    ReplyDelete