Thursday, 23 February 2012

အသက်ဆက်၇ာ ....

အရိပ်လို လိုက်နေမိသူအတွက် ဒဏ်၇ာဆိုတာ မြတ်နိုးမှုတစ်ခုပါ ။ ချစ်ခြင်းတစ်ခုမှာ မ၇ိုးသားခဲ့သူ အတွက် အပြစ်ဒဏ်တွေ ဟာ သူ့အတွက် သေဖော်သေဖက် ပါ ။ 

နာကျင်စ၇ာတွေသာ သူ့အတွက် လက်ဆောင်ဆို၇င် .. သူ့ရင်ဘတ်မှာ မိုးတွေ အမြဲရွာနေတော့မယ် ။ အငြိုးနဲ့ ရွာချင်၇ွာပါ ... 

ထိုသို့ သော နာကျင်မိုးတွေအတွက်  သူ ပြုံးနေပါ့မယ် ။

  ထိုနာကျင်ချစ်ခြင်းတို့ နှင့် ပတ်သက်ခွင့်၇နေခြင်းပင်လျှင် သူ့အပြုံးတွေ၇ဲ့ အသက်ဆက်၇ာ ပင်မ အရင်းအမြစ် ဖြစ်လို့နေသည် ။

ချစ်သောသူနှင့် ဝေး ပြီး နာကျင်ရခြင်းထက် .. ချစ်သောသူနှင့် နီးပြီး နာကျင်ရခြင်းကို ပိုပြီး ခံနိုင်ရည်ရှိသည် ။ ထိုနာကျင်သံစဉ်များကို မြတ်နိုးခုံမင်နေလေပြီ ။



ကြယ်စင်ဝိုင်း
24/02/12
10:00 pm

Wednesday, 22 February 2012

သူ မသိသော ...


ပါးပြင်ထက်မှာ မျက်ရည်စီးကြောင်းတွေ မတွေ့၇တော့တာ .. မငိုတော့သည် မဟုတ် ။ ၇ှိုက်သံတွေ ကို မကြားရတော့တာ  မငိုတော့သည်မဟုတ် ။

တိုးတိတ် နွမ်းလျ ကွဲကြေစွာဖြင့်  ခံစားချက်တွေ နစ်မြုပ်သွားခြင်း သာ ဖြစ်သည် ။
ပူနွေးသော ဒီမြစ်နှစ်စင်းကို ရင်တစ်ခါး နောက်ကွယ်မှာသာ တိုးလျဖျော့တော့စွာ စီးမျောစေခြင်းသာ ဖြစ်သည် ။

သူ မကြားနိုင်တော့ သည် အထိ ...
သူ မမြင်နိုင်တော့ သည် အထိ ... 
သူ လှည့်မကြည့် နိုင်တော့သည် အထိ  ...   ။        ။ 


ကြယ်စင်ဝိုင်း 
23 / 02 / 12
1: 40 AM 

မခြွေချတော့မယ့် အပိုင်းအစများ ....


ကျွန်မအတွက် တစ်ဘက်သတ် ခမ်းနားနေသော မြတ်နိုးခြင်းမျှသာ မို့ တစ်စုံတစ်ယောက်အတွက် စိတ်ရှုပ်စ၇ာ အမှိုက်တွေ ဖြစ်သွားခြင်း မည်ပေ၏ ။

“ မလွမ်းဘူး “ လို့ တစ်ခါမှ မတွေးဘူးသော သည်အတွေးကို တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ရေရွတ်ခဲ့ပြီးလေသလား ၊ ။ ကျွန်မကတော့ အ၇ူးတစ်ယောက်လိုပဲ၊  မြင်နေ၇ရင်တောင် လွမ်းတတ်ခဲ့သည် ။
လွမ်းတယ်လို့ ကိုယ့်ဘာသာ တီးတိုးေ၇ရွတ် ခြင်းသည်ပင်လျှင် ကျွန်မအတွက် ခွန်အားဖြည့် အလွမ်း၇သတစ်မျိုး ဖြစ်နေသည် ။

တမ်းတမက်မောစ၇ာ အ၇ာတွေ မများလှသည့် ရင်ဘတ်တစ်ခုအတွက် … တစ်စုံတစ်ယောက်၏ ချစ်ခြင်းကြင်နာမှုကို မျှော်လင့်မက်မော ၇တာ ပိုပင်ပန်းနွမ်းလျ သည် ။ 

တစ်ခါတစ်ခါ …
သူပြုံးနေမှာပဲလား လို့ တွေးကြည့်ရုံနဲ့ ကျွန်မ ကြည်နူးသွား၇သည် ။ မလွန်ဆန်နိုင်သော စိတ်ခံစားချက်တွေကို လွင့်ပစ်ဖို့ ကြိုးစားမယ့်အစား  သည် နွံထဲမှာ ကျွန်မ ပျော်မြူးနေသည် ။ ကျွန်မ စိတ်ပါလက်ပါ ငိုတတ်အောင် သင်ပေးခဲ့သော တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မိခြင်း သည်ပင်လျှင်
ကျွန်မ ၏ ချစ်ခြင်း တစ်ခု ဖြစ်ပေသည် ။ 



 ကြယ်စင်ဝိုင်း
23/02/12
1:20 AM

Saturday, 11 February 2012

အလင်းဖမ်းသူ

မျှော်၇င်း လင့်တော့ မယ့်
အလင်းတန်းတစ်ခုကို
အမှောင်ထုထဲ လိုက်ဖမ်းနေတဲ့
အ၇ူးလိုမျိုးလား 

ဒါဆို၇င်လည်း
ဒီတစ်ခဏ .. ဒီတစ်သက်
ကျွန်မ  ...  ရူးသွားပါရစေ  ... ။     ။




ကြယ်စင်ဝိုင်း
8/Feb/2012
4:30 am