ကျွန်မအတွက် တစ်ဘက်သတ် ခမ်းနားနေသော မြတ်နိုးခြင်းမျှသာ မို့ တစ်စုံတစ်ယောက်အတွက် စိတ်ရှုပ်စ၇ာ အမှိုက်တွေ ဖြစ်သွားခြင်း မည်ပေ၏ ။
“ မလွမ်းဘူး “ လို့ တစ်ခါမှ မတွေးဘူးသော သည်အတွေးကို တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ရေရွတ်ခဲ့ပြီးလေသလား ၊ ။ ကျွန်မကတော့ အ၇ူးတစ်ယောက်လိုပဲ၊ မြင်နေ၇ရင်တောင် လွမ်းတတ်ခဲ့သည် ။
လွမ်းတယ်လို့ ကိုယ့်ဘာသာ တီးတိုးေ၇ရွတ် ခြင်းသည်ပင်လျှင် ကျွန်မအတွက် ခွန်အားဖြည့် အလွမ်း၇သတစ်မျိုး ဖြစ်နေသည် ။
တမ်းတမက်မောစ၇ာ အ၇ာတွေ မများလှသည့် ရင်ဘတ်တစ်ခုအတွက် … တစ်စုံတစ်ယောက်၏ ချစ်ခြင်းကြင်နာမှုကို မျှော်လင့်မက်မော ၇တာ ပိုပင်ပန်းနွမ်းလျ သည် ။
တစ်ခါတစ်ခါ …
သူပြုံးနေမှာပဲလား လို့ တွေးကြည့်ရုံနဲ့ ကျွန်မ ကြည်နူးသွား၇သည် ။ မလွန်ဆန်နိုင်သော စိတ်ခံစားချက်တွေကို လွင့်ပစ်ဖို့ ကြိုးစားမယ့်အစား သည် နွံထဲမှာ ကျွန်မ ပျော်မြူးနေသည် ။ ကျွန်မ စိတ်ပါလက်ပါ ငိုတတ်အောင် သင်ပေးခဲ့သော တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မိခြင်း သည်ပင်လျှင်
ကျွန်မ ၏ ချစ်ခြင်း တစ်ခု ဖြစ်ပေသည် ။
ကြယ်စင်ဝိုင်း
23/02/12
1:20 AM
No comments:
Post a Comment