Tuesday, 13 March 2012
မျက်၇ည်ခသောပန်း
မျက်ဝန်းပုလဲ မစီးစေလို
မျက်နှာကိုမော့ ရယ်ကာပြုံး၇င်း
ကြေကွဲ ငွေ့၇ည် ဖုံးကွယ်လိုသည် ...
သည်လိုနဲ့ပဲ ..
ကောင်းကင်ကို မကြာ မကြာ မော့ကာကြည့်မိ
သည် အကျင့်ကို စွဲမြဲပိုက်ထွေး
နှစ်သိမ့် မိသည်
ချစ်သူ .... ကျောခိုင်းပြန်လေတိုင်း ။
နာကျင်မှုလှိုင်း သူမကြားစေလို
ရင်ကို အသာဖိ
စိတ်ကို တင်းရင်း
အငိုမျက်ဝန်း အပြုံးနှုတ်ခမ်းထက်
"နေ၇စ်ပါ့မယ် " ဆိုတဲ့ စကား
တိုးတိုးေ၇ရွတ် ...
သြော် .
ချစ်သူ့စကား ကြမ်းလေတိုင်း ။
ဝေဒနာသစ် အပြစ်ဟောင်းတို့နဲ့
မထိုက်သည့်ပန်း
မျက်ရည်အနမ်းစို ...
နေ့စဉ် ၇က် ဆက်
သဲခြေပျက်မတတ်
နွမ်းကြွေ ... လွမ်းတွေပိုလို့
ကျွန်မဟာ ..
မျက်ရည်ခသောပန်း သက်သက်ပါ ..
ချစ်သူ ....နောက်ကွယ်ေ၇ာက်လေတိုင်း ။
သည် ဘ၀ သည် တစ်သက်
ချစ်သောသူအား
မနာကျင်စေလို ...
ကွဲစေလိုကလည်း ခွဲနေရစ်ပါ့မယ်
ကျွမ်းစေအသဲ လွမ်းနေရစ်ပါ့ မယ်
မဆုံဘ၀ ဝေးကွာမိုင်ချီ လည်း ....
တမ်းတရုံ နှင့် ... မြတ်နိုးရစ်ပါ့မယ် ။ ။
( ၂၀၁၀ ၇ဲ့ တစ်ခုသော နေ့၇က်မှာ ကျွန်မ၇ဲ့ ဒိုင်ယာ၇ီထဲေ၇းထားခဲ့မိသော ခံစားချက်များကို အခု တစ်ဖန် အသက်ပြန်သွင်းရင်း ချစ်သူဖတ်ဖို့ေ၇းမိသော ကဗျာ ...)
ကြယ်စင်ဝိုင်း
14/3/2012
12:30 am
Monday, 12 March 2012
နွေစောင့်သူ
မြေကဗ္မ္မာလာမှာ ခြေဗလာချည်း ရယ်နဲ့
ဝဋ္ဌာကျယ်ကြီးထဲ ...
ဒုက္ခ သောက ဒဏ်၇ာမျိုးစုံ
ဗျာပါပူ သူမမှုခဲ့ ။
ဝသန်ချိန်မှောင် ကြယ်ပျောက်ညတိုင်း ...
အပြုံးတစ်ချက်မတွန့် ...နွမ်းလျဟန်မပြ ...
သူ့ ကမ္ဘာငယ်အား
ရင်ခွင်လှုံ စိုးစိတ်ဖယ်ဖို့
၇င်ငွေ့မပြတ် အစဉ်နွေးသက်စေရဲ့ ။
မြူမှောင်ပိတ်ဖုံး စိမ့်ချမ်းလွန်းလည်း
သူမခြုံ ...သူမလှုံခဲ့ဘူး
တုန်ရီဟန်မရှိ ... ခွန်အားမာန်အပြည့်နဲ့
သူ့အသိုက်အမြုံ သူ့ကမ္ဘာငယ်အား
မေတ္တာလွှမ်းခြုံ အနွေးပေးမြဲ ။
သူဟာ...
နွေလယ်ပူရပ် မိုးစက်မေ၇ှာင်
ဆောင်းခရီးလမ်းထဲ
အပြုံးနွေးဖြင့် နွေးသက်စေသူ ...
သူဟာ ...
ပန်းလက်ဖ၀ါး နဲ့
ကန္တာ၇မုန်တိုင်းကို အံတုပြိုင်သူ
နွေအလာကို မငြိုမငြင် စောင့်ကြို သူ ။
( ပန်းတွေကို ပွင့်စေခဲ့သော နွေစောင့်သူ ( မေမေ ) သို့ ... )
( မေမေ နဲ့ အိမ်ကို အ၇မ်းလွမ်းလို့ ... သည် စာစုကိုေ၇းမိပါသည် )
ကြယ်စင်ဝိုင်း
12 /03 /12
11:30 pm
( "Mother Earth 1" by Chidi Okoye ၇ဲ့ ပန်းချီကားကို ကြိုက်နှစ်သက်လို့ Fine Art Webpage မှ ယူသုံးထားပါသည် )
Saturday, 10 March 2012
အိပ်မက်တိမ်
မချစ်ခဲ့ပါဘူး
တကယ်ကို မချစ်ခဲ့ဘူး
တွယ်တာမှုနှောင်ကြိုးတွေသာ ရင်ဘတ်ထဲမှာ ပြေလျော့မသွားအောင် မြဲခိုင်ရုံလောက်ပါ ။
မလွမ်းပါဘူး
တကယ်ကို မလွမ်းတော့ဘူး
အမှတ်တ၇တွေက ၇င်ဘတ်ထဲမှာ အမြုတေ နေရုံသက်သက်ပါ ။
မတမ်းတပါဘူး
တကယ်ကို မတမ်းတတော့ဘူး
အာ၇ုံတွေက အိပ်မက်ထဲမှာသာ မျောလိုက်နေ၇ုံသက်သက်ပါ ။
မကြေကွဲဘူး
တကယ်ကို မကြေကွဲတော့ဘူး
နှလုံးသားတစ်ခုလုံး စည်းချက်မမှန်တော့အောင် ကျကွဲသွား၇ုံလောက်ပါ။
မငိုပါဘူး
တကယ်ကို မငိုတော့ပါဘူး
မျက်ရည်တွေက ရင်ဘတ်ထဲမှာ နစ်မြုပ်သွားရုံ သက်သက်ပါလေ ။
ကြယ်စင်ဝိုင်း
10/03/2012
9:30 pm
ရင်ခုန်သံဆည်းဆာ
ဂီတာသံစဉ် တိုးရှုရှလေး၇ယ် ...
ကော်ဖီခါးဆိမ့်လေးတစ်ခွက်၇ယ် ...
ကဗျာတစ်ပုဒ်၇ယ် ...
ပြီးတော့ ကျွန်မပါးပြင်ပေါ်မှာ ရှပ်ပြေးသွားတဲ့ ချစ်သူ့ဝင်သက် ထွက်သက် နွေးသက်သက်လေးရယ် ...
ဒါတွေက ပြီးပြည့်စုံသော ညနေခင်းလေးတစ်ခုကို ဖန်းဆင်းပေးတယ် ။
ကြယ်စင်ဝိုင်း
10/03/2012
ကော်ဖီခါးဆိမ့်လေးတစ်ခွက်၇ယ် ...
ကဗျာတစ်ပုဒ်၇ယ် ...
ပြီးတော့ ကျွန်မပါးပြင်ပေါ်မှာ ရှပ်ပြေးသွားတဲ့ ချစ်သူ့ဝင်သက် ထွက်သက် နွေးသက်သက်လေးရယ် ...
ဒါတွေက ပြီးပြည့်စုံသော ညနေခင်းလေးတစ်ခုကို ဖန်းဆင်းပေးတယ် ။
ကြယ်စင်ဝိုင်း
10/03/2012
Friday, 9 March 2012
Saturday, 3 March 2012
မင်းအနား ....
ငါဟာ ..
သူတကာ အများစု မက်မောကြတဲ့ ဂုဏ်ရည်မြင့်မားမှု ၊ ဥာဏ်ရည်ထက်မြက်မှု ၊ ပါးနပ်လိမ္မာမှု ၊ ချိုသာချွဲနွဲ့မှုတွေကို .........................................
မပိုင်ဆိုင်ဘူး ချစ်တဲ့ သူ ။
မင်း မက်မောတဲ့ ...အရည်အချင်းတွေလည်း ငါ့မှာ မ၇ှိဘူး ချစ်တဲ့ သူ ။
ငါဟာ .. မင်း လိုအပ်တာတွေ ကို ပေးနိုင်ဖို့ အရည်အချင်းမ၇ှိတဲ့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ပါ
ချစ်တဲ့ သူ ။
မလှပဘူး ၊ ဆွဲဆောင်မှုမရှိဘူး၊ အနုပညာမဆန်ဘူး ။
ဒါပေမယ့် ဒီအ၇ာတွေကို ခံစားနိုင်ပြီး တန်ဖိုးထားမြတ်နိုးတတ်တဲ့ နုညံ့တဲ့ နှလုံးသားတစ်ခု နဲ့ မင်းကို မြတ်နိုးမိတဲ့ အချစ်တစ်ခုကိုတော့ ငါပိုင်ဆိုင်သေးလို့ ....
ချစ်သူအတွက် ..
အဲဒီနှလုံးသားတစ်ခုလုံး
တစ်သက်စာ အပိုင်ပေးချင်တယ် ။
အဲဒီနှလုံးသား နဲ့ ငါ့ကို ...
မင်း၇ဲ့ ရင်ခုန်သံတွေအနား
တစ်သက်တာ အသက်ဆက်ခွင့်
ပေးနိုင်ပါ့မလား ချစ်တဲ့ သူ ။
ကြယ်စင်ဝိုင်း
3 march 2012
7:30 pm
သူတကာ အများစု မက်မောကြတဲ့ ဂုဏ်ရည်မြင့်မားမှု ၊ ဥာဏ်ရည်ထက်မြက်မှု ၊ ပါးနပ်လိမ္မာမှု ၊ ချိုသာချွဲနွဲ့မှုတွေကို .........................................
မပိုင်ဆိုင်ဘူး ချစ်တဲ့ သူ ။
မင်း မက်မောတဲ့ ...အရည်အချင်းတွေလည်း ငါ့မှာ မ၇ှိဘူး ချစ်တဲ့ သူ ။
ငါဟာ .. မင်း လိုအပ်တာတွေ ကို ပေးနိုင်ဖို့ အရည်အချင်းမ၇ှိတဲ့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ပါ
ချစ်တဲ့ သူ ။
မလှပဘူး ၊ ဆွဲဆောင်မှုမရှိဘူး၊ အနုပညာမဆန်ဘူး ။
ဒါပေမယ့် ဒီအ၇ာတွေကို ခံစားနိုင်ပြီး တန်ဖိုးထားမြတ်နိုးတတ်တဲ့ နုညံ့တဲ့ နှလုံးသားတစ်ခု နဲ့ မင်းကို မြတ်နိုးမိတဲ့ အချစ်တစ်ခုကိုတော့ ငါပိုင်ဆိုင်သေးလို့ ....
ချစ်သူအတွက် ..
အဲဒီနှလုံးသားတစ်ခုလုံး
တစ်သက်စာ အပိုင်ပေးချင်တယ် ။
အဲဒီနှလုံးသား နဲ့ ငါ့ကို ...
မင်း၇ဲ့ ရင်ခုန်သံတွေအနား
တစ်သက်တာ အသက်ဆက်ခွင့်
ပေးနိုင်ပါ့မလား ချစ်တဲ့ သူ ။
ကြယ်စင်ဝိုင်း
3 march 2012
7:30 pm
Subscribe to:
Posts (Atom)