Tuesday, 13 March 2012
မျက်၇ည်ခသောပန်း
မျက်ဝန်းပုလဲ မစီးစေလို
မျက်နှာကိုမော့ ရယ်ကာပြုံး၇င်း
ကြေကွဲ ငွေ့၇ည် ဖုံးကွယ်လိုသည် ...
သည်လိုနဲ့ပဲ ..
ကောင်းကင်ကို မကြာ မကြာ မော့ကာကြည့်မိ
သည် အကျင့်ကို စွဲမြဲပိုက်ထွေး
နှစ်သိမ့် မိသည်
ချစ်သူ .... ကျောခိုင်းပြန်လေတိုင်း ။
နာကျင်မှုလှိုင်း သူမကြားစေလို
ရင်ကို အသာဖိ
စိတ်ကို တင်းရင်း
အငိုမျက်ဝန်း အပြုံးနှုတ်ခမ်းထက်
"နေ၇စ်ပါ့မယ် " ဆိုတဲ့ စကား
တိုးတိုးေ၇ရွတ် ...
သြော် .
ချစ်သူ့စကား ကြမ်းလေတိုင်း ။
ဝေဒနာသစ် အပြစ်ဟောင်းတို့နဲ့
မထိုက်သည့်ပန်း
မျက်ရည်အနမ်းစို ...
နေ့စဉ် ၇က် ဆက်
သဲခြေပျက်မတတ်
နွမ်းကြွေ ... လွမ်းတွေပိုလို့
ကျွန်မဟာ ..
မျက်ရည်ခသောပန်း သက်သက်ပါ ..
ချစ်သူ ....နောက်ကွယ်ေ၇ာက်လေတိုင်း ။
သည် ဘ၀ သည် တစ်သက်
ချစ်သောသူအား
မနာကျင်စေလို ...
ကွဲစေလိုကလည်း ခွဲနေရစ်ပါ့မယ်
ကျွမ်းစေအသဲ လွမ်းနေရစ်ပါ့ မယ်
မဆုံဘ၀ ဝေးကွာမိုင်ချီ လည်း ....
တမ်းတရုံ နှင့် ... မြတ်နိုးရစ်ပါ့မယ် ။ ။
( ၂၀၁၀ ၇ဲ့ တစ်ခုသော နေ့၇က်မှာ ကျွန်မ၇ဲ့ ဒိုင်ယာ၇ီထဲေ၇းထားခဲ့မိသော ခံစားချက်များကို အခု တစ်ဖန် အသက်ပြန်သွင်းရင်း ချစ်သူဖတ်ဖို့ေ၇းမိသော ကဗျာ ...)
ကြယ်စင်ဝိုင်း
14/3/2012
12:30 am
Subscribe to:
Post Comments (Atom)
No comments:
Post a Comment