Wednesday, 28 December 2011

ချစ်သူသို့ ...

ချစ်သူ ...
ငါ့လက်ဝါးနှစ်ဘက်ထဲက ...
ပျော်ရွှင်မှုတစ်ဘက် ကို သာ ပေးပြီး နာကျင်မှု တစ်ဘက်ကို ငါယူပါ၇စေ ။

နေလောင်မှုတစ်ဘက်မှာ ငါနေပြီး အေးငြိမ်းမှုတစ်ဘက်မှာ နင်နေပေးပါ ။

ချစ်နေခွင့်၇နေရုံလေး
 နင့်အနားကနေ နီးနီးဝေးဝေး နေခွင့်ပြုပေးပါ။

နင်ရဲ့ဂရုစိုက်မှု စကားတစ်ခွန်းကို ဖုန်းထဲက ကြားရရုံ ... SMS လေး ဖတ်၇၇ုံနဲ့တောင် ငါရဲ့နေ့ညတွေ ကို ဆက်၇င်ဆိုင်ဖို့ အားတွေ၇နေခဲ့တာပါ။


ငါ မေ့ဆေး ဘယ်နှစ်ကြိမ်ပဲ ထိထိ . တဖြည်းဖြည်းနဲ့ တစ်ချို့သော အကြောင်းအ၇ာတွေကို ဘယ်လောက်ပဲ မေ့တတ် မေ့တတ် ..
ငါ့ အသိဥာဏ်ထဲမှာ နင့်ကို ဘယ်တော့မှ မမေ့လျော့ခဲ့သေးဘူး ။

ငါ ဆေးဒဏ်တွေကြောင့် ပုံမှန်ရင်ခုန်နေနိုင်တာထက် ... နင်ကပြောတဲ့ .. '' စိတ်ပူတယ် .. ဂရုစိုက်ပါ '' ဆိုတဲ့ စကားတစ်ခွန်းက ငါ့နှလုံးသားကို ပုံမှန်၇ှင်သန်စေခဲ့တာပါ ။

ငါ့အတွက် မနက်ဖြန်ဆိုတာ တွေးစ၇ာမလိုတဲ့ အနာဂတ်တစ်ခု ဆိုတာ သေချာနေခဲ့ပြီမို့ ...ငါတွေးတဲ့ မနက်ဖြန်ဆိုတာ .. နင့်မနက်ဖြန်တွေချည်းပါ ။ ငါ့အတွက် '' ဒီနေ့ '' ဆိုတဲ့ တစ်နေ့စာ အတွက်ပဲ ငါခံစား တယ် .. ငါရှင်သန်တယ် ။ ဒီနေ့တိုင်းဟာ ..ငါ့အတွက် နောက်ဆုံးနေ့တွေချည်းပဲ ။ မနက်ဖြန်ဆိုတာ နင့်အတွက်ချည်းပဲ ။ ( ဒီလိုပြော လို့  ... နင်၇ီမောခဲ့တယ် ။ အဲဒီ၇ီသံလေးကို ငါ ချစ်တယ် )

ငါ့အမှားတွေကြောင့် နင်ငိုခဲ့ဖူးပြီ ။ ငါ့လုပ်ရပ်တွေကြောင့် နင်နာကျင်ခံစားဖူးခဲ့ပြီ။ အခု ငါ့အလှည့်ပဲမို့ ငါပေးဆပ်တယ်လို့ ငါ မခံယူဖူးဘူး ။ နင့်ကို ပျော်ရွှင်စေချင်တယ် ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ပဲ နင့်အနားမှာ ဆက်နေချင်ခဲ့တာပါ ။ ဆက်ချစ်ခွင့်၇ချင်ခဲ့တာပါ။ ငါ့ကြောင့် နင်မပျော်၇ွှင်၇ဘူးဆိုရင်တော့ ... ငါ ကျန် နေခဲ့ပေးမယ် ။။ နင့်အနာဂတ်မှာ ငါ မပါဝင် ရတာ  အရေးမကြီးဘူး ။ နင် ပျော်နေတယ် ဆို၇င် ငါ့အတွက် အဓိပ္ပါယ် ၇ှိနေပြီ ။

ချစ်သူ .. ငါ့အတ္တတွေကိုဇောင်းပေးခဲ့တယ် .. အေ၇ာင်တွေတောက်ပအောင် ငါ ခြယ်နေတယ်လို့ နင်ထင်ပါ။ ဒီကမ္ဘာမှာ နင့်အမေ ကလွဲရင် နင့်အတွက်  ပိုစိတ်ပူတတ်တဲ့ မိန်းမတစ်ယောက် ထပ်မ၇ှိနိုင်ဘူး လို့ နင် ယူဆပါ။ နင်ယုံကြည်ပါ ။ နင်နဲ့ပတ်သက်၇င် ငါ့  အတ္တ တွေ အေ၇ာင်မှိန်သွားခဲ့တာ ကြာပါပြီဟာ ။

ငါ့၇ဲ့  အသုံးမကျမှုတွေ ၊ ငါ့၇ဲ့ အားနည်းချက်တွေ ၊ ငါ့၇ဲ့ အမှားအယွင်းတွေက နင့်ကို စိတ်ပူစေခဲ့တယ် ။ ငါတစ်ခုလွဲချော်သွားတိုင်း နင်က စိတ်ပူပြီး ပွစိပွစိ လုပ်၇င် ငါပိုပျော်ခဲ့ရတယ် ။ ငါ့ကို ဂ၇ုစိုက်စေချင်တဲ့ ငါ့ရဲ့ အတ္တသေးသေးလေးပါ ချစ်သူ ။ ဒါပေမဲ့ ... အနာဂတ်မှာ ငါ့အတွက် နင်စိတ်ပူစ၇ာ မရှိတော့ပါဘူး ။
နင့်အနာဂတ်မှာ ငါ စွက်ဖက်နိုင်တော့မှာ မဟုတ်လို့ပဲ ။

နင်နဲ့ပတ်သက်တဲ့ အတ္တကြီးကြီးမားမားတွေ ငါပိုင်ဆိုင်ထားတယ် ။
နင့်ကို ပျော်ရွှ့င်စေချင်တယ် ။
နင် အောင်မြင်တာကို မြင်ချင်တယ်။
နင့်ဘ၀အိပ်မက်အတွက် နင် ပျော်ရွှင်စွာ လျှောက်လှမ်းနေတာမျိုးကို ငါ မြင်ခွင့်၇ချင်သေးတယ် ။

ချစ်သူ ...
အ၇ာအားလုံးကို ဘယ်တော့မှ အ၇ှုံးမပေးပါနဲ့ ။
ငါ အားမပေးနိုင်တော့၇င်တောင် ... နင် လုပ်နိုင်တယ်ဆိုတာ နင့်ကိုယ်နင် ယုံကြည်ထားပါ ။
နင့်အနာဂတ်အိပ်မက်တွေကို အများကြီး မျှော်လင့်နေတဲ့ အမေတစ်ယောက် စောင့်နေတယ်ဆိုတာ ကို နင် မမေ့လိုက်နဲ့ ။

ပျော်ရွှင်ပါစေ ချစ်သောသူ .......


ကြယ်စင်ဝိုင်း
29/12/11
3:00 pm

Tuesday, 27 December 2011

ဆုလဒ်

လိမ်ညာမှုနောက်ကွယ်မှာ ..အမှန်တ၇ားတစ်ခုကို ဖုံးကွယ်ထားခဲ့တာဟာ မှားယွင်းမှု မဟုတ်တာ သေချာပါတယ်။ ဖုံးကွယ်တယ်ဆိုတာကလည်း ပျော်ရွှင်မှုတွေကိုသာ ရှေးရှုခဲ့လို့ပါ။ လိမ်ညာတယ်ဆိုတာကလည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့လို့ပါ။ အမှန်တ၇ားတစ်ခုကို ရင်ထဲမှာသိမ်းထားရုံနဲ့ လုံလောက်သွားတဲ့ သူတွေအတွက် ဆုလဒ်က ဒဏ်၇ာဖြစ်နေလည်း ကျေနပ် နေပျော်ပါတယ် ။


ကြယ်စင်ဝိုင်း
28/12/11
1:39 am

Monday, 26 December 2011

ဓာတ်စာမဟုတ်သော အ၇ာများ

သြော် .. တောသမ ချေ .. တောသမ ချေ ...
ဇာနေ၇ာေ၇ာက်ေ၇ာက် .. အကောင်းနန့်မတန် ၊ အကောင်းနန့် မဟန် ၊ အကောင်းနန့် မတင့် စော်ရာမလားယေ ။
ယင်းတောသမချေ က ဇာသူလေ့မဟုတ် ၊ အကျွန်ပါ ၇ာ။

စစ်တွေမြို့မှာ မွီး ၊ စစ်တွေမှာ ကြီးပြင်းလာလို့ အကျွန် က စစ်တွေမြို့သူမှန်ပါယင့် ၊ ယကေလေ့  အစားအသောက် အသုံးအဆောင်ကျကေ ခေတ်မီပစ္စည်းတိနန့် ဓာတ်မတည့်စော်တိက အများကြီးပါ ။ အကျွန်နန့် ဓာတ်မတည့်ေ၇ ပစ္စည်းတိထဲက ...
နံပါတ်တစ် မတည့်ဆုံးက  Air-con ဆိုရေ လေးထောင့်ရှည်မျောမျော တစ်ခုပါ ။
အကျွန် Air-con ဒဏ်ကို မခံနိုင် ၊ ခြီဖျား လက်ဖျားတိအီးစက်ပနာ ခေါင်းကိုက်ဝေဒနာကို ခံစားရေ၇ ။ အကျွန်ကြိုက်စော် သဘာဝလီ ။ ယင်းချင့်ရှူမှ ရင်အီးေ၇။

နံပါတ်နှစ်က ... ဇိမ်ခံကားကောင်း 
အူး သီရဖို့ ၊ အဘာမှာ ၀ယ်လာယင့် ၊ အကျွန်မစီးနိုင် ၊ အကျွန်မူးပြီးကေ ထိုးအန်နီေ၇ ၊ ဇာပိုင်လုပ်ရဖို့လဲ ။ ရန်ကုန်ေ၇ာက်တေ ခါလေ. အဘယ်ချေ ကားကို စီးပြီး ဇိမ်ကျကျလားရပါယင့် ၊ အူး အန်ချင်လို့ လက်ထဲမှာ ပလတ်စတစ်အိတ်ကို အသင့်ဆောင်ထား၇ေ၇ ၊၊ Bus စီးကေ အကျွန်နိန်ကာင်းေ၇ ၊ ယကေလေ့ ရွှေဧည့်သည်ဆိုပနာ Air Con BUS စပေါ်လာေ၇ခါ အကျွန့်အတွက် ကျွမ်းထိုး မှောက်ခုံဖြစ်ချင်လောက်အောင် ခေါင်းမူးစီရေ ။ သီရဖို့မလားေ၇ ၊ ယေဇူးနန့် မြေနီကုန်းကိုလားဖို့ဆိုကေ  သဘာဝလီဝင်ေ၇ ၄၅ ကားကို ၇ာ ၇ွီးစီရေ၇ ။ ယင်းနိန့်ဆိုကေ လန်းလို့ပျော်လို့ ။ သူငယ်ချင်းက သူ့ကားကောင်းနန့် လည်ဖို့ ပတ်ဖို့လာခေါ်ေ၇ ..အကျွန်လုံးဝမစီးချင် ၊ တက်စီးရဖို့စော်ကို သီမတတ်ကြောက်တယ် ။ စင်ကာပူေ၇ာက်ပြန်ကေလေ့ ၊ ပထမဆုံး အခက်တွိ့၇စော်က Taxi ၊ အိုး သီ၇ပါဖို့ မလားေ၇ .. အကျွန် မူးပြီးကေ အန်စော် ..။ စင်ကာပူက Taxi အီးပြီးကေ ... ကောင်းလွန်းလို့ အကျွန်နန့် ဓာတ်မတည့်ပါ ။ ပထမဆုံးအလုပ်မှာ သူဌေးမက သူအလုပ်ဆင်းတိုင်း ကြုံကေ ကြုံေ၇ပိုင် အကျွန့်ကို လိုက်ပို့ေ၇ ။ အကျွန် မကြိုက် ၊ ဇာဖြစ်လို့လည်းဆိုကေ သူ့ကားကောင်းလွန်းလို့ Aircon နန့် အီးလွန်းလို့ အကျွန်မစီးချင်ပါ ။ အဂုထိလည်း စင်ကာပူမှာ အကျွန်အနီအထိုင် မကျနိုင်သိမ့် ၊ မလွဲမေ၇ှာင်သာလို့ Taxi စီး၇တိုင်း အကျွန်ခေါင်းမူးေ၇ ၊ အန်ေ၇ ။ ယင်းတွက်နန့် အဂုနောက်ပိုင်း စီးဖြစ်ကေ .. ကားသမားကို ကားပြူတင်း ဖွင့်ခိုင်း ၊ Air Con ပိတ်ခိုင်းမှ လို၇ာခရီးကို လန်းဆန်းမှုအပြည့်နန့် အကျွန် ခရီးဆက်နိုင်ပါေ၇ ။

နံပါတ်သုံး ... စပ၇ိန် မွေ့၇ာ 
လှုပ်စိလှုပ်စိ နန့် တစ်ညလုံးအိပ်မပျော်စီသော အ၇ာပါ။ အကျွန်ကြိုက်စော်က ကျောနန့်ထိလိုက်ကေ အီးချမ်းလားေ၇ ဇင်ဖျာ ( သဘောက်) ။ပြည်မှာ ကျောင်းတက်ခါက .. အဘာမိတ်ဆွေ အခင်ကျော်လှအိမ်မှာ နိန်ေ၇ခါ .. အခင်က အကျွန့်ကို ဧည့်ဝတ်ကျေလွန်းလို့ အကျွန့်မှာ ဒုက္ခေ၇ာက်တေ ။ အကောင်းစားအိပ်၇ာထည့်ပီးထားေ၇ Master Bedroom မှာ နေ၇ာချပီးေ၇ ၊ အကျွန်တစ်ညလုံးမအိပ်နိုင်ပါ ။ ကျောကုန်း အောင့်ေ၇ ၊ ခေါင်းမူးေ၇ ယင်းမွေ့၇ာကြောင့် ။ အလှပလှ တောသမချေပါ ။ ယေဇူးနန့် နောက်ရက်တိမှာ ကြမ်းမှာ ဖျာခင်းပနာ ဆင်းအိပ်တေ ။ အိပ်ကောင်းလိုက်တေပင် ။

နံပါတ်လေး ... ဟိုတယ် အစားအစာ
တိုက်ဆိုင်မှုတော့မဟုတ်ပါ ။ ဟိုတယ်စာကို စားပြီးပြန်လာတိုင်း အကျွန်တစ်ယောက် ပျို့ချင်ေ၇ ၊ အန်ချင်ေ၇ ၊ အစာမကြေ ၊ အိမ်ေ၇ာက်ကေ ထိုးအန်လိုက်မှ နိန်ကောင်းလားေ၇ ၊ အိုး ၊ အကျွန် ဇာပိုင်လုပ်ရဖို့ ။

နံပါတ်ငါး ... ကြေးအိုးဆိုသော အစားအစာ
စားမိတိုင်း ခေါင်းကိုက်လာေ၇၊ အန်ချင်ေ၇ ၊ ယင်းအစာထဲမှာ ဇာပါလို့လဲ အကျွန်မသိပါ ။ လူတော်တော်များများ ပါးစပ်ဖျားမှာ တောင့်တကတ်တေ ဒေကြေးအိုး ဆိုသောအ၇ာသည် အကျွန့်အတွက်တော့ ကျွမ်းထိုးကောင်ပိုင် ခံစား၇စီသော အကြောက်ဆုံးအစာပါ။

နံပါတ်ခြောက် ... စင်ကာပူက အိမ်သာ 
၇ီမသုံး၇ ၊ တစ်ရှူးတော့၇ှိပါယင့် လေ၊ ယကေလေ့ ဇာပိုင်ပြင်လို့ စိတ်သန့်နိုင်ပါဖို့လဲ ၊ အကျွန့်အတွက် ကောင်းဆိုးေ၇ဒုက္ခတစ်မျိုးပါ။ အိမ်ပြန်ေ၇ာက်မှ အိမ်က အိမ်သာမှာ Hand Spray ပါလို့ ၇ီသုံးရေ၇ ။ အဂု အလုပ်သစ်မှာတော့ အဆင်ပြေေ၇လို့ဆိုရပါဖို့ ၊ အိမ်သာမှာ  ၇ီသုံးလို့၇ေ၇ ။ ယင်းချင့်လည်း ရှား၇ှားပါးပါး ၂ ခုတည်း ၊ ကျန်ေ၇ toilet တိုင်းက ရီသုံးလို့မ၇ ။ အိုး အသန့်ကြိုက်တေ စင်ကာပူနိုင်ငံသားဆိုပနာ ၊ အညစ်အကြေးစွန့်ေ၇နေ၇ာမှာကျကေ ၇ီနန့်မသန့်၇ှင်းကတ် ။ အံ့သြဘနန်း တိ၇ာမလား ။



( ဆက်ရန် ... )


ကြယ်စင်ဝိုင်း
27/12/11
3:06 pm

Wednesday, 21 December 2011

မင်းကြောင့် ...

ရင်ဝေးအိမ်

ရင်ရိပ်ကြွေ

နွေ

ဒီဇင်ဘာမိုး

Dream

တစ်ခါတရံ မှာ ....

ချစ်သူ ...
နင်သိလား ..

နာကျင်သူ၇ဲ့ ..မျက်ဝန်းမှာ မျက်ရည်ဆိုတာ မတွေ့၇တော့ဘူး .. ( ၇င်ထဲမှာပဲ ငိုနေလို့ ) ...

နာကျင်သူ၇ဲ့ နှုတ်ခမ်းမှာ စကားလုံးတွေ အမှားကြီး မဝေသီတော့ဘူး ။ ဒါပေမဲ့ ...အပြုံး တစ်ပွင့် တည်း ..အမြဲ လန်းဆန်းနေသလို တွေ့နေရမယ် ...

နာကျင်သူ၇ဲ့ ရယ်သံက ပိုကျယ်တတ်တယ် ...( ၇င်ထဲက ၇ှိုက်သံတွေကို နင့်ကို မကြားစေချင်တော့လို့ )





ကြယ်စင်ဝိုင်း
12/12/11-11:09 pm

ချစ်ခြင်းနဲ့ ကျွန်မ ...

တွေ့ဆုံမှု အစမှာ...
အိပ်မက်တွေ မပါခဲ့ဘူး ...

ချစ်ခြင်းတစ်ခု စတင်ခြင်းမှာ ...
၇ယူလိုခြင်းတွေ မပါခဲ့ဘူး ...

အမှတ်တ၇တွေနဲ့ နက်ရှိုင်းလာတဲ့အခါမှာ ...
အနီးအဝေး မိုင်တိုင်တွေ မတွက်ချက်ခဲ့ဘူး ...

တဖြည်းဖြည်း နီးစပ်မလိုနဲ့ ... ဝေးကွာနေခြင်းမှာ
မျှော်လင့်ချက် အထူအပါး ကို နေ၇ာမပေးခဲ့ဘူး ...

ချစ်တယ်ဆိုရုံနဲ့ ..
ေ၇ာင့်၇ဲကျေနပ်မှုတွေကို စုဆောင်းထားသူရင်မှာ ..
ဥပေက္ခာ အတိမ်အနက်ကို အေ၇းမလုပ်ခဲ့ဘူး ...

ပေးဆပ်မှု နဲ့ ပိုင်ဆိုင်မှုကြားမှာ
မာနတွေကို  ထပ်ပေါင်းထည့်ဖို့ မလိုအပ်ခဲ့ဘူး

တကယ်ဆို ..
တို့နှစ်ယောက်ကြားမှာ..
အရေးပါဆုံးက..
ရှင်သန်ချိန်လေးမှာ..ချစ်နေခွင့်ရဖို့ပါ ။




( ကြယ်စင်ဝိုင်း )

9 Oct 2011
1:31 am

ရင်ဝေးပန်း

သံယောဇဉ် တစ်စ ..
အလွမ်းတစ်ဘက်နှင့်...
သိုဝှက်အိပ်မက် .. ငါမက်ဖူးသည် ။

ချစ်ခြင်းတစ်ကြိမ် ...
ကွယ်ဝှက်ရင်ငြိမ် ...
လွမ်းကဗျာတွေ ... ဖွဲ့သီဖူးသည်။

မဖြစ်နိုင်မှန်းသိခဲ့လို့...
ခြေလှမ်းတွေဆုတ် ...
နှုတ်ဖျားတွေ သိမ်းလို့...
အချစ်တွေကို လမ်းကြောင်းလွဲရင်း ..
နင်နဲ့အဝေးကို ပြေးထွက်ဖူးသည်။

နာကျင်မှုဒဏ် ..
ကြိတ်မှိတ်ပြုံးခံ ...နင်မုန်းအောင်လည်း
ငါလုပ်ဖူးသည်။

( ... )
ငါ၏ ချစ်ခြင်း ... စွန့်လွတ်လိုခြင်း မဟုတ်ပေမယ့်
ပိုင်ဆိုင်လိုခြင်းလည်းမဟုတ်ခဲ့ပါ။

( ... )
ငါ၏ ချစ်ခြင်း .. တမ်းတလိုခြင်း မဟုတ်ပေမယ့်
နီးခြင်းဝေးခြင်းလည်း မဟုတ်ခဲ့ပါ ။

တကယ်တော့  ...
( ငါလို )..မထိုက်သည့်ပန်း ကို .... အဝေးမှာပဲ ပွင့်စေတော့၇ယ်လို့
နင့်ရင် နဲ့ အဝေး .. လှမ်းထွက်ခဲ့တာပါ။

လမင်းအဝေး
ကြယ်ပျောက်ညလို ...
နှလုံးသားတစ်စုံ မှောင်၇ိပ်ကျဖို့...
ငါ့ကိုယ်ငါ အကျဉ်းချ ခဲ့ တာပါ။

( ... )ေ၇ ...
ရှိဖူးတဲ့ သံယောဇဉ် ..
မက်ဖူးတဲ့ အိပ်မက် ..
လွမ်းဖူးတဲ့  နွေးထွေးမှု ...ဒါတွေကိုထုပ်ပိုးပြီး ...
 ရင်နဲ့အဝေး ကို ခ၇ီးဆက်ဆဲ ...

အချိန်ရဲ့အကျဉ်းသား အဖြစ် ... နင်နဲ့အဝေးမှာ ..
ငါ လွမ်းနေဆဲပါ ...။။။


ကြယ်စင်ဝိုင်း

( ၂၂ . စက်တင်ဘာ ၁၁ ၊  ၁၂း ၁၈ AM )