Wednesday, 21 December 2011

ချစ်ခြင်းနဲ့ ကျွန်မ ...

တွေ့ဆုံမှု အစမှာ...
အိပ်မက်တွေ မပါခဲ့ဘူး ...

ချစ်ခြင်းတစ်ခု စတင်ခြင်းမှာ ...
၇ယူလိုခြင်းတွေ မပါခဲ့ဘူး ...

အမှတ်တ၇တွေနဲ့ နက်ရှိုင်းလာတဲ့အခါမှာ ...
အနီးအဝေး မိုင်တိုင်တွေ မတွက်ချက်ခဲ့ဘူး ...

တဖြည်းဖြည်း နီးစပ်မလိုနဲ့ ... ဝေးကွာနေခြင်းမှာ
မျှော်လင့်ချက် အထူအပါး ကို နေ၇ာမပေးခဲ့ဘူး ...

ချစ်တယ်ဆိုရုံနဲ့ ..
ေ၇ာင့်၇ဲကျေနပ်မှုတွေကို စုဆောင်းထားသူရင်မှာ ..
ဥပေက္ခာ အတိမ်အနက်ကို အေ၇းမလုပ်ခဲ့ဘူး ...

ပေးဆပ်မှု နဲ့ ပိုင်ဆိုင်မှုကြားမှာ
မာနတွေကို  ထပ်ပေါင်းထည့်ဖို့ မလိုအပ်ခဲ့ဘူး

တကယ်ဆို ..
တို့နှစ်ယောက်ကြားမှာ..
အရေးပါဆုံးက..
ရှင်သန်ချိန်လေးမှာ..ချစ်နေခွင့်ရဖို့ပါ ။




( ကြယ်စင်ဝိုင်း )

9 Oct 2011
1:31 am

No comments:

Post a Comment