မြေကဗ္မ္မာလာမှာ ခြေဗလာချည်း ရယ်နဲ့
ဝဋ္ဌာကျယ်ကြီးထဲ ...
ဒုက္ခ သောက ဒဏ်၇ာမျိုးစုံ
ဗျာပါပူ သူမမှုခဲ့ ။
ဝသန်ချိန်မှောင် ကြယ်ပျောက်ညတိုင်း ...
အပြုံးတစ်ချက်မတွန့် ...နွမ်းလျဟန်မပြ ...
သူ့ ကမ္ဘာငယ်အား
ရင်ခွင်လှုံ စိုးစိတ်ဖယ်ဖို့
၇င်ငွေ့မပြတ် အစဉ်နွေးသက်စေရဲ့ ။
မြူမှောင်ပိတ်ဖုံး စိမ့်ချမ်းလွန်းလည်း
သူမခြုံ ...သူမလှုံခဲ့ဘူး
တုန်ရီဟန်မရှိ ... ခွန်အားမာန်အပြည့်နဲ့
သူ့အသိုက်အမြုံ သူ့ကမ္ဘာငယ်အား
မေတ္တာလွှမ်းခြုံ အနွေးပေးမြဲ ။
သူဟာ...
နွေလယ်ပူရပ် မိုးစက်မေ၇ှာင်
ဆောင်းခရီးလမ်းထဲ
အပြုံးနွေးဖြင့် နွေးသက်စေသူ ...
သူဟာ ...
ပန်းလက်ဖ၀ါး နဲ့
ကန္တာ၇မုန်တိုင်းကို အံတုပြိုင်သူ
နွေအလာကို မငြိုမငြင် စောင့်ကြို သူ ။
( ပန်းတွေကို ပွင့်စေခဲ့သော နွေစောင့်သူ ( မေမေ ) သို့ ... )
( မေမေ နဲ့ အိမ်ကို အ၇မ်းလွမ်းလို့ ... သည် စာစုကိုေ၇းမိပါသည် )
ကြယ်စင်ဝိုင်း
12 /03 /12
11:30 pm
( "Mother Earth 1" by Chidi Okoye ၇ဲ့ ပန်းချီကားကို ကြိုက်နှစ်သက်လို့ Fine Art Webpage မှ ယူသုံးထားပါသည် )
ကောင်းပါရေ မမ အားပီးပါရေ ကျွန်တော်လည်း ကဗျာစပ် ၀ါသနာပါချင်ရေ တစ်ခါလည်း မြန်မာပိုင် မစပ်ဖူးပါသိ ပြောရပါဖို့သိ ဟိုတစ်ရက်က facebook က အသိ တစ်ရာကျော်ကို ဖယ်လိုက်စော်မှာ ကျွန်တော် မပါလားစော် ကကောင်းကျေးဇူးတင်ပါရေ။ ကျွန်တော် တစ်ခေါက်လောက် မဖယ်ပါကေ့လို့ ကြိုပြီး ပြောထားချင်ပါရေ။
ReplyDeleteမမလည်း ဇာတိကို ကကောင်းလွမ်းနီပုံရရေ
ကျန်းမာပါစီ
ဗနေထူး