Saturday, 16 February 2013

နင် .. ဘယ်သူ လဲ ?

က ခ ဂ င ကို ငါ မဆိုတတ်ခင် က ...
သူ ငါ့ကို A B C D ရွတ်ပြတယ် ...

၁ ၂ ၃ ကို ငါ မသိတတ်ခင်က ...
သူ ငါ့ကို 1 2 3 4ေ၇းပြတယ် ...

ငါ မသွားခင် သူကေ၇ာက်နှင့်လို့ ..
လသာသာ ညအခါ
ကစားမလား  နားမလား တဲ့ ..
သူက ငါ့ကို စိတ်စမ်းသေးတယ် ...

အာရုံတွေနဲ့ တိုက်ပွဲဝင်ဖို့
ငါ့ကို ငါ စစ်ကြေငြာချိန် ...
သတိလေးကပ်ပါလို့
သူက ငါ့ကို ..
၇ိသဲ့သဲ့  ၀င် ၀င် နောက်တတ်တယ် ..

လေးဘက်ထောက် ကနေ .. တုတ်ကောက်ထောက်အထိ ..
ရုပ်နမ်တွေ ဆောင်ကြဉ်းရမယ်လို့ 
ငါ့ကို ငါ မသေချာ ခင်
သူက တော့ ...
မြေနံရံလေးဘက်ထဲက
ငါ့ကို ထမင်းစားဖိတ်လိုက်သေးတယ် ...

ပြော ..
......ပြော
......
နင်.... ဘယ်သူလဲ ?





ကြယ်စင်ဝိုင်း
၁၆ ဖေဖော်ဝါ၇ီ ၂၀၁၃

Friday, 1 February 2013

ဟာ၇ီကိန်း

ချစ်သူ...
ေ၇ှ့မတိုးပါနဲ့တော့ ...
ငါ့ရင်ထဲက မိုးကြမ်းတွေ
နင့်ကို စိုမှာစိုးလို့  ...

ချစ်သူ ...
လှည့်ထွက်သွားလိုက်တော့ ...
မျက်ရည်တို့နဲ့ သုတ်လိမ်းထားတဲ့
ငါ့ပါးပြင်ထက်က...
တံလျှပ်တွေ...
နင့်ကို ၇ိုက်ခတ်မှာ စိုးလို့  ...

မဆိုခဲ့လေသော စကားတို့
မငိုခဲ့လေသော ပန်းတို့
မဖွင့်ခဲ့လေသော ပြတင်းတစ်ခါးတို့ နဲ့အ တူ
ငါ့ ရင်ခွင်အား ...
ဟာ၇ီကိန်း စက်ဝန်းထဲ
ပစ်ချထားခဲ့ပါတော့   .....  ။                  ။



ကြယ်စင်ဝိုင်း
2/2/13