Friday, 1 February 2013

ဟာ၇ီကိန်း

ချစ်သူ...
ေ၇ှ့မတိုးပါနဲ့တော့ ...
ငါ့ရင်ထဲက မိုးကြမ်းတွေ
နင့်ကို စိုမှာစိုးလို့  ...

ချစ်သူ ...
လှည့်ထွက်သွားလိုက်တော့ ...
မျက်ရည်တို့နဲ့ သုတ်လိမ်းထားတဲ့
ငါ့ပါးပြင်ထက်က...
တံလျှပ်တွေ...
နင့်ကို ၇ိုက်ခတ်မှာ စိုးလို့  ...

မဆိုခဲ့လေသော စကားတို့
မငိုခဲ့လေသော ပန်းတို့
မဖွင့်ခဲ့လေသော ပြတင်းတစ်ခါးတို့ နဲ့အ တူ
ငါ့ ရင်ခွင်အား ...
ဟာ၇ီကိန်း စက်ဝန်းထဲ
ပစ်ချထားခဲ့ပါတော့   .....  ။                  ။



ကြယ်စင်ဝိုင်း
2/2/13

No comments:

Post a Comment