က ခ ဂ င ကို ငါ မဆိုတတ်ခင် က ...
သူ ငါ့ကို A B C D ရွတ်ပြတယ် ...
၁ ၂ ၃ ကို ငါ မသိတတ်ခင်က ...
သူ ငါ့ကို 1 2 3 4ေ၇းပြတယ် ...
ငါ မသွားခင် သူကေ၇ာက်နှင့်လို့ ..
လသာသာ ညအခါ
ကစားမလား နားမလား တဲ့ ..
သူက ငါ့ကို စိတ်စမ်းသေးတယ် ...
အာရုံတွေနဲ့ တိုက်ပွဲဝင်ဖို့
ငါ့ကို ငါ စစ်ကြေငြာချိန် ...
သတိလေးကပ်ပါလို့
သူက ငါ့ကို ..
၇ိသဲ့သဲ့ ၀င် ၀င် နောက်တတ်တယ် ..
လေးဘက်ထောက် ကနေ .. တုတ်ကောက်ထောက်အထိ ..
ရုပ်နမ်တွေ ဆောင်ကြဉ်းရမယ်လို့
ငါ့ကို ငါ မသေချာ ခင်
သူက တော့ ...
မြေနံရံလေးဘက်ထဲက
ငါ့ကို ထမင်းစားဖိတ်လိုက်သေးတယ် ...
ပြော ..
......ပြော
......
နင်.... ဘယ်သူလဲ ?
ကြယ်စင်ဝိုင်း
၁၆ ဖေဖော်ဝါ၇ီ ၂၀၁၃
No comments:
Post a Comment