Thursday, 22 November 2012

အဖြေ

ရွေးချယ် ရမယ့် လမ်း ၂ သွယ် ရှိ၇င် ...

မောင် မထိခိုက်မယ့်  လမ်းသွယ်ကိုပဲ

ကျွန်မေ၇ွးသွားမှာပါ ...

မောင် မတွေဝေပါနှင့် ....

မောင့်အတွက်
စိတ်ချမ်းမြေ့၇မယ့် အနာဂတ်က
စောင့်ကြို နေမယ့် လမ်းကို ...

ကျွန်မ ရွေးပေးပါရစေ ....

ဒီအတွက် ကျွန်မ  ...
မတွေဝေဘူး မောင် ...

မတွေဝေတော့ဘူး ....



ကြယ်စင်ဝိုင်း
23 Nov 2012
1:50 am

Monday, 19 November 2012

တိမ်တွေ ငိုတဲ့အခါ ...

တိမ်တွေငိုတဲ့အခါ ...
အိပ်မက်တို့ရွှဲစို ...အမာရွတ်မထင်တဲ့ ဒဏ်၇ာတွေနဲ့  ...
လဲပြိုကာ နာဖျားဖူးသည် .... ။

တိမ်တွေငိုတဲ့အခါ ...
မျှော်လင့်ချက်ကို သိမ်းထုပ်လို့  ...
လွင့်သွားတဲ့  အနွေးဓာတ်ကို  ဖမ်းဆုပ်ဖို့
မိုင်တိုင်များစွာ ပြေးထွက်ခဲ့ဖူးသည်... ။

တိမ်တွေငိုတဲ့အခါ ...
ကမ်းလက်ကို ဖယ်ထုတ်လို့ ...
လှမ်းလက်စခြေလှမ်းတို့အား ... " သေမိန့် " ပေးဖူးသည် ...။

တိမ်တွေငိုတဲ့အခါ ...
ရှိုက်သံတွေ တိတ်လို့  ...
ငါ့နှုတ်ခမ်းတို့ ... တုန်လှုပ်ခြောက်ခြားဖူးသည် .. ။


တိမ်တွေငိုတဲ့အခါ ...
တိမ်ပြိုအနမ်း နဲ့ ငါ့အလွမ်းတို့  စီးချင်းထိုးမလို့ ...
မျက်နှာကို မော့ ..
မျက်ဝန်းကို စေ့ပိတ်ထားဖူးသည် ...


တိမ်တွေ ငို တဲ့ အခါ ....

တိမ်တွေ ငို တဲ့ အခါ ....


................................................................. ။     ။



ကြယ်စင်ဝိုင်း
19 Nov 2012
11:45 pm


Tuesday, 13 March 2012

မျက်၇ည်ခသောပန်း


မျက်ဝန်းပုလဲ မစီးစေလို
မျက်နှာကိုမော့ ရယ်ကာပြုံး၇င်း
ကြေကွဲ ငွေ့၇ည်   ဖုံးကွယ်လိုသည် ...
သည်လိုနဲ့ပဲ ..
ကောင်းကင်ကို မကြာ မကြာ မော့ကာကြည့်မိ
သည် အကျင့်ကို စွဲမြဲပိုက်ထွေး
 နှစ်သိမ့် မိသည်

ချစ်သူ  .... ကျောခိုင်းပြန်လေတိုင်း ။


နာကျင်မှုလှိုင်း သူမကြားစေလို
ရင်ကို အသာဖိ
စိတ်ကို တင်းရင်း
အငိုမျက်ဝန်း အပြုံးနှုတ်ခမ်းထက်
"နေ၇စ်ပါ့မယ် " ဆိုတဲ့ စကား
တိုးတိုးေ၇ရွတ် ...
သြော် .

ချစ်သူ့စကား  ကြမ်းလေတိုင်း   ။

ဝေဒနာသစ် အပြစ်ဟောင်းတို့နဲ့
မထိုက်သည့်ပန်း
မျက်ရည်အနမ်းစို ...
နေ့စဉ် ၇က် ဆက်
သဲခြေပျက်မတတ်
နွမ်းကြွေ ... လွမ်းတွေပိုလို့
ကျွန်မဟာ ..
မျက်ရည်ခသောပန်း  သက်သက်ပါ ..

ချစ်သူ ....နောက်ကွယ်ေ၇ာက်လေတိုင်း  ။


သည် ဘ၀ သည် တစ်သက်
ချစ်သောသူအား
မနာကျင်စေလို ...
ကွဲစေလိုကလည်း ခွဲနေရစ်ပါ့မယ်
ကျွမ်းစေအသဲ လွမ်းနေရစ်ပါ့ မယ်
မဆုံဘ၀ ဝေးကွာမိုင်ချီ လည်း ....
တမ်းတရုံ နှင့်  ... မြတ်နိုးရစ်ပါ့မယ် ။      ။ 



( ၂၀၁၀ ၇ဲ့ တစ်ခုသော နေ့၇က်မှာ ကျွန်မ၇ဲ့ ဒိုင်ယာ၇ီထဲေ၇းထားခဲ့မိသော ခံစားချက်များကို အခု တစ်ဖန် အသက်ပြန်သွင်းရင်း ချစ်သူဖတ်ဖို့ေ၇းမိသော ကဗျာ ...)

ကြယ်စင်ဝိုင်း
14/3/2012
12:30 am

Monday, 12 March 2012

နွေစောင့်သူ


မြေကဗ္မ္မာလာမှာ ခြေဗလာချည်း ရယ်နဲ့
ဝဋ္ဌာကျယ်ကြီးထဲ ...
ဒုက္ခ သောက ဒဏ်၇ာမျိုးစုံ 
ဗျာပါပူ သူမမှုခဲ့ ။

ဝသန်ချိန်မှောင် ကြယ်ပျောက်ညတိုင်း ...
အပြုံးတစ်ချက်မတွန့် ...နွမ်းလျဟန်မပြ ...
သူ့ ကမ္ဘာငယ်အား
ရင်ခွင်လှုံ စိုးစိတ်ဖယ်ဖို့
၇င်ငွေ့မပြတ်  အစဉ်နွေးသက်စေရဲ့  ။ 

မြူမှောင်ပိတ်ဖုံး စိမ့်ချမ်းလွန်းလည်း
သူမခြုံ ...သူမလှုံခဲ့ဘူး
တုန်ရီဟန်မရှိ ... ခွန်အားမာန်အပြည့်နဲ့ 
သူ့အသိုက်အမြုံ သူ့ကမ္ဘာငယ်အား
မေတ္တာလွှမ်းခြုံ  အနွေးပေးမြဲ ။

သူဟာ...
နွေလယ်ပူရပ်  မိုးစက်မေ၇ှာင်
ဆောင်းခရီးလမ်းထဲ
အပြုံးနွေးဖြင့် နွေးသက်စေသူ ...

သူဟာ ...
ပန်းလက်ဖ၀ါး နဲ့ 
ကန္တာ၇မုန်တိုင်းကို အံတုပြိုင်သူ
နွေအလာကို မငြိုမငြင် စောင့်ကြို သူ ။




( ပန်းတွေကို ပွင့်စေခဲ့သော နွေစောင့်သူ ( မေမေ )  သို့   ... )
( မေမေ နဲ့ အိမ်ကို အ၇မ်းလွမ်းလို့  ... သည် စာစုကိုေ၇းမိပါသည် )


ကြယ်စင်ဝိုင်း
12 /03 /12
11:30 pm
( "Mother Earth 1 by Chidi Okoye  ၇ဲ့ ပန်းချီကားကို ကြိုက်နှစ်သက်လို့  Fine Art Webpage မှ ယူသုံးထားပါသည် )

Saturday, 10 March 2012

အိပ်မက်တိမ်


မချစ်ခဲ့ပါဘူး
တကယ်ကို မချစ်ခဲ့ဘူး
တွယ်တာမှုနှောင်ကြိုးတွေသာ ရင်ဘတ်ထဲမှာ ပြေလျော့မသွားအောင် မြဲခိုင်ရုံလောက်ပါ ။

မလွမ်းပါဘူး
တကယ်ကို မလွမ်းတော့ဘူး
အမှတ်တ၇တွေက ၇င်ဘတ်ထဲမှာ အမြုတေ နေရုံသက်သက်ပါ ။

မတမ်းတပါဘူး
တကယ်ကို မတမ်းတတော့ဘူး
အာ၇ုံတွေက အိပ်မက်ထဲမှာသာ မျောလိုက်နေ၇ုံသက်သက်ပါ ။

မကြေကွဲဘူး
တကယ်ကို မကြေကွဲတော့ဘူး
နှလုံးသားတစ်ခုလုံး စည်းချက်မမှန်တော့အောင် ကျကွဲသွား၇ုံလောက်ပါ။

မငိုပါဘူး
တကယ်ကို မငိုတော့ပါဘူး
မျက်ရည်တွေက ရင်ဘတ်ထဲမှာ နစ်မြုပ်သွားရုံ သက်သက်ပါလေ ။


ကြယ်စင်ဝိုင်း
10/03/2012
9:30 pm

ဆန္ဒတစ်စုံတစ်၇ာ

ရင်ခုန်သံဆည်းဆာ

ဂီတာသံစဉ် တိုးရှုရှလေး၇ယ်  ...
ကော်ဖီခါးဆိမ့်လေးတစ်ခွက်၇ယ် ...
 ကဗျာတစ်ပုဒ်၇ယ် ...
ပြီးတော့ ကျွန်မပါးပြင်ပေါ်မှာ ရှပ်ပြေးသွားတဲ့ ချစ်သူ့ဝင်သက် ထွက်သက်  နွေးသက်သက်လေးရယ် ...
 ဒါတွေက  ပြီးပြည့်စုံသော ညနေခင်းလေးတစ်ခုကို ဖန်းဆင်းပေးတယ် ။


ကြယ်စင်ဝိုင်း
10/03/2012

Saturday, 3 March 2012

မင်းအနား ....

ငါဟာ ..
သူတကာ အများစု မက်မောကြတဲ့ ဂုဏ်ရည်မြင့်မားမှု ၊ ဥာဏ်ရည်ထက်မြက်မှု ၊ ပါးနပ်လိမ္မာမှု ၊ ချိုသာချွဲနွဲ့မှုတွေကို  .........................................
မပိုင်ဆိုင်ဘူး ချစ်တဲ့ သူ ။
မင်း မက်မောတဲ့   ...အရည်အချင်းတွေလည်း ငါ့မှာ မ၇ှိဘူး ချစ်တဲ့ သူ ။
ငါဟာ .. မင်း လိုအပ်တာတွေ ကို ပေးနိုင်ဖို့ အရည်အချင်းမ၇ှိတဲ့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ပါ
ချစ်တဲ့ သူ  ။

မလှပဘူး ၊ ဆွဲဆောင်မှုမရှိဘူး၊ အနုပညာမဆန်ဘူး ။
ဒါပေမယ့် ဒီအ၇ာတွေကို ခံစားနိုင်ပြီး တန်ဖိုးထားမြတ်နိုးတတ်တဲ့ နုညံ့တဲ့ နှလုံးသားတစ်ခု နဲ့ မင်းကို မြတ်နိုးမိတဲ့ အချစ်တစ်ခုကိုတော့ ငါပိုင်ဆိုင်သေးလို့  ....
ချစ်သူအတွက် ..
အဲဒီနှလုံးသားတစ်ခုလုံး
တစ်သက်စာ အပိုင်ပေးချင်တယ် ။

အဲဒီနှလုံးသား နဲ့ ငါ့ကို ...
မင်း၇ဲ့ ရင်ခုန်သံတွေအနား
တစ်သက်တာ အသက်ဆက်ခွင့်
ပေးနိုင်ပါ့မလား ချစ်တဲ့ သူ ။



ကြယ်စင်ဝိုင်း
3 march 2012
7:30 pm

Thursday, 23 February 2012

အသက်ဆက်၇ာ ....

အရိပ်လို လိုက်နေမိသူအတွက် ဒဏ်၇ာဆိုတာ မြတ်နိုးမှုတစ်ခုပါ ။ ချစ်ခြင်းတစ်ခုမှာ မ၇ိုးသားခဲ့သူ အတွက် အပြစ်ဒဏ်တွေ ဟာ သူ့အတွက် သေဖော်သေဖက် ပါ ။ 

နာကျင်စ၇ာတွေသာ သူ့အတွက် လက်ဆောင်ဆို၇င် .. သူ့ရင်ဘတ်မှာ မိုးတွေ အမြဲရွာနေတော့မယ် ။ အငြိုးနဲ့ ရွာချင်၇ွာပါ ... 

ထိုသို့ သော နာကျင်မိုးတွေအတွက်  သူ ပြုံးနေပါ့မယ် ။

  ထိုနာကျင်ချစ်ခြင်းတို့ နှင့် ပတ်သက်ခွင့်၇နေခြင်းပင်လျှင် သူ့အပြုံးတွေ၇ဲ့ အသက်ဆက်၇ာ ပင်မ အရင်းအမြစ် ဖြစ်လို့နေသည် ။

ချစ်သောသူနှင့် ဝေး ပြီး နာကျင်ရခြင်းထက် .. ချစ်သောသူနှင့် နီးပြီး နာကျင်ရခြင်းကို ပိုပြီး ခံနိုင်ရည်ရှိသည် ။ ထိုနာကျင်သံစဉ်များကို မြတ်နိုးခုံမင်နေလေပြီ ။



ကြယ်စင်ဝိုင်း
24/02/12
10:00 pm

Wednesday, 22 February 2012

သူ မသိသော ...


ပါးပြင်ထက်မှာ မျက်ရည်စီးကြောင်းတွေ မတွေ့၇တော့တာ .. မငိုတော့သည် မဟုတ် ။ ၇ှိုက်သံတွေ ကို မကြားရတော့တာ  မငိုတော့သည်မဟုတ် ။

တိုးတိတ် နွမ်းလျ ကွဲကြေစွာဖြင့်  ခံစားချက်တွေ နစ်မြုပ်သွားခြင်း သာ ဖြစ်သည် ။
ပူနွေးသော ဒီမြစ်နှစ်စင်းကို ရင်တစ်ခါး နောက်ကွယ်မှာသာ တိုးလျဖျော့တော့စွာ စီးမျောစေခြင်းသာ ဖြစ်သည် ။

သူ မကြားနိုင်တော့ သည် အထိ ...
သူ မမြင်နိုင်တော့ သည် အထိ ... 
သူ လှည့်မကြည့် နိုင်တော့သည် အထိ  ...   ။        ။ 


ကြယ်စင်ဝိုင်း 
23 / 02 / 12
1: 40 AM 

မခြွေချတော့မယ့် အပိုင်းအစများ ....


ကျွန်မအတွက် တစ်ဘက်သတ် ခမ်းနားနေသော မြတ်နိုးခြင်းမျှသာ မို့ တစ်စုံတစ်ယောက်အတွက် စိတ်ရှုပ်စ၇ာ အမှိုက်တွေ ဖြစ်သွားခြင်း မည်ပေ၏ ။

“ မလွမ်းဘူး “ လို့ တစ်ခါမှ မတွေးဘူးသော သည်အတွေးကို တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ရေရွတ်ခဲ့ပြီးလေသလား ၊ ။ ကျွန်မကတော့ အ၇ူးတစ်ယောက်လိုပဲ၊  မြင်နေ၇ရင်တောင် လွမ်းတတ်ခဲ့သည် ။
လွမ်းတယ်လို့ ကိုယ့်ဘာသာ တီးတိုးေ၇ရွတ် ခြင်းသည်ပင်လျှင် ကျွန်မအတွက် ခွန်အားဖြည့် အလွမ်း၇သတစ်မျိုး ဖြစ်နေသည် ။

တမ်းတမက်မောစ၇ာ အ၇ာတွေ မများလှသည့် ရင်ဘတ်တစ်ခုအတွက် … တစ်စုံတစ်ယောက်၏ ချစ်ခြင်းကြင်နာမှုကို မျှော်လင့်မက်မော ၇တာ ပိုပင်ပန်းနွမ်းလျ သည် ။ 

တစ်ခါတစ်ခါ …
သူပြုံးနေမှာပဲလား လို့ တွေးကြည့်ရုံနဲ့ ကျွန်မ ကြည်နူးသွား၇သည် ။ မလွန်ဆန်နိုင်သော စိတ်ခံစားချက်တွေကို လွင့်ပစ်ဖို့ ကြိုးစားမယ့်အစား  သည် နွံထဲမှာ ကျွန်မ ပျော်မြူးနေသည် ။ ကျွန်မ စိတ်ပါလက်ပါ ငိုတတ်အောင် သင်ပေးခဲ့သော တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မိခြင်း သည်ပင်လျှင်
ကျွန်မ ၏ ချစ်ခြင်း တစ်ခု ဖြစ်ပေသည် ။ 



 ကြယ်စင်ဝိုင်း
23/02/12
1:20 AM

Saturday, 11 February 2012

အလင်းဖမ်းသူ

မျှော်၇င်း လင့်တော့ မယ့်
အလင်းတန်းတစ်ခုကို
အမှောင်ထုထဲ လိုက်ဖမ်းနေတဲ့
အ၇ူးလိုမျိုးလား 

ဒါဆို၇င်လည်း
ဒီတစ်ခဏ .. ဒီတစ်သက်
ကျွန်မ  ...  ရူးသွားပါရစေ  ... ။     ။




ကြယ်စင်ဝိုင်း
8/Feb/2012
4:30 am

Monday, 23 January 2012

အဆုံးသတ်

မဖြစ်စလောက် ...

ချစ်သူ ..

ငါ့ပခုံးက သေးသေးလေးပေမယ့်  ... မင်း စိတ်ပင်ပန်းတဲ့ တစ်ခါတစ်လေမှာ မှီဖို့အတွက် အသုံးတည့်မှာပါ ။

ငါ့လက်ဖ၀ါး လေးက ပျော့ညံ့သေးကွေးပေမယ့်  ... မင်း ၀မ်းနည်းမိတဲ့ တစ်ခါတစ်လေမှာ ..
အဲဒီနာကျင်မှုတွေကို ဆုပ်ချေပစ်လိုက်ဖို့ လေက်တော့ အင်အားရှိနေပါတယ် ။

ငါ့ခြေထောက်တွေက .. သေးငယ် နှေးကွေးပေမယ့်  ... လူတွေနဲ့အဝေး တစ်နေ၇ာကို ထွက်သွားလိုတဲ့အခါ .. မင်း နဲ့ အတူ အပြေးလိုက်နိုင်ဖို့ မြန်နှုန်းအားတွေကို ပိုင်ဆိုင်ပါသေးတယ် ။

ငါ့ နှလုံးသားက မကြံ့ခိုင်ပေမယ့်   ... မင်းနှလုံးသွေးလည်ပတ်မှုတွေကို ဆက်လက်နွေးခုန်စေဖို့ ... တွန်းအားတစ်ခုလောက်တော့ ပေးနိုင်မှာပါ ။

ငါ့ရင်ခွင်က မင်း၇င်ခွင်လောက် မကြီးမား မကျယ်ပြန့်ပေမယ့်  ... မင်းခိုလှုံချင်တဲ့ အခိုက်အတန့် တစ်ခဏ သာ မက တစ်သက်တာ အတွက်ပါ  နွေးထွေးမှုတွေကို ပေးစွမ်းနိုင်ပါတယ် ။

ငါ့အနားဆက်ရှိနေပေးပါလို့  မတောင်းဆိုလိုပေမယ့်  .. ငါ့၇ဲ့ မဖြစ်စလောက်တဲ့ အသုံးတည့်မှုတွေကို တော့  .. မင်းအတွက်ပဲ ပေးခွင့်၇ချင်နေမိတာ ဟာ .. ငါ့၇ဲ့  မသုံးမကျမှုတွေထဲက အကြီးမားဆုံးသော အတ္တ တစ်ခုဖြစ်နေဆဲပါ ။


ကြယ်စင်ဝိုင်း
23/01/2012
7:24 pm

Saturday, 21 January 2012

ရင်ရိပ်စစ် သို့ ....

အဖေ နဲ့ အမေ ..

အိမ်ကို အရမ်း လွမ်းနေပါတယ် ။

အိမ်နဲ့ ဝေးနေရတဲ့ အခိုက်အတန့်မှာ .. သမီးအတွက် အပြင်လောက သင်ခန်းစာတွေ အများကြီး ရနေပါတယ် ။ ရင်ဘတ်ချင်းမတူသူတွေ ... စိတ်ဓာတ်ချင်း မကိုက်ညီသူတွေ ... နှလုံးသား ချင်း သဟဇာတ မဖြစ်သူ တွေ ၊ ခံစားမှုချင်း မတိုက်ဆိုင်သူတွေ ၊ ကိုယ့်ကို အမြင်မကြည်သူတွေ ၊ ကိုယ့်ကို အလဲထိုးဖို့ တိုက်ခိုက်သူတွေ ၊ ကိုယ့်ကို ကိုယ်ချင်းမစာနာသူတွေ ၊ အို .. စုံလို့ပါပဲ အမေ ၇ယ် ။

အဖေ နဲ့ အမေ ရဲ့ ၇င်ခွင် နဲ့ အဝေးတစ်နေ၇ာမှာ လောကကြီးကို လမ်းထွက်လျှောက်ကြည့်မိခါမှ .. နေ့တိုင်း နေမသာဘူး ၊ ညတိုင်းလည်း မအေးမြဘူး ဆိုတာ သိလာတယ် ။ သမီး ရဲ့ ခြေထောက်တွေ သန်မာဖို့ လိုသေးတာ ကို သိလာတယ် ။ သမီးရဲ့ လက်တွေ မြဲမြံအောင် ဆွဲဆုပ်ကိုင်နိုင်ဖို့ လိုသေးကြောင်း သိလာတယ် ။ သမီး၇ဲ့ ရင်ဘတ်ကနုညံ့တဲ့ နှလုံးသား ကိုလည်း အများကြီး ကြံ့ခိုင်အောင် လုပ်ဖို့လိုသေးတယ် ။ သမီး၇ဲ့ ပျော့ညံ့ ထိရှလွယ်တဲ့ စိတ်ဓာတ်ကို အများကြီး လေ့ကျင့် တည်ဆောက်ရဦးမယ် ။ တစ်ခုခုဆို၇င် နက်နက်ရှိုင်းရှိုင်းခံစားတတ်တဲ့ သမီး ရဲ့ စိတ်နှလုံးကို အမြင်မတူ သူ ၇င်ဘတ်ချင်း မတူသူ တွေကြားမှာ ... ဆက်ပြီး ရှင်သန်အားမွေးနိုင်ဖို့ ... ခွန်အားတွေဖြည့်ဖို့  ကြိုးစားရပါဦးမယ် ။

အဖေ နဲ့ အမေ ...
ဒီလူတွေကြားထဲမှာ ..လမ်းလျှောက်ကြည့်ခွင့် ပေးခဲ့တဲ့ အတွက် ... အခုဆို ... ..လူတွေ၇ဲ့ ကောင်းတာတွေေ၇ာ .. မကောင်းတာတွေကို ပါ သိခွင့်၇ခဲ့ပါပြီ ။ တစ်ခါတစ်ခါ သမီး သူတို့တွေကြားထဲ ထပ်မလျှောက်ရဲလောက်အောင် ထိတ်လန့်မိတယ် ။ တစ်ခါတစ်ခါ သူတို့တွေနဲ့ တွေဖို့ .. ဟန်ဆောင် အပြုံး တွေကို မြင်၇ဖို့ကို စိုး၇ွံ့မိတယ် ။ ၇ိုင်းစိုင်းတဲ့ စကား ၊ အပြု အမူ ၊ အလဲထိုး မှု တွေကို သမီးကြုံ ၇ပေမယ့် သမီးဘက်က ပြန်မ၇ိုင်းခဲ့ပါဘူး အမေ ။ ဘာကြောင့်လဲဆိုတော့ .. သမီး၇ဲ့ နှလုံးသားမှာ လည်ပတ်နေတဲ့ သွေးတွေက အဖေ နဲ့ အမေ ဆီက ပေါင်းစပ်စီးဆင်းလာ တဲ့ သွေးတွေ ဖြစ်နေလို့ပါ ။

အမေက ပန်းတွေပန်ပြီး အမြဲတမ်း ငြိမ်းအေးနွေးထွေးတဲ့ အပြုံးတစ်ခု ကို လူတွေကို ပြန်ပေးတတ်တာ ကို အောက်မေ့တယ် ။ ဘ၀ဆိုတာ သုညက စခဲ့လို့  အခု ၁၀၀ ကနေ သုညေ၇ာက်သွားလည်း ဘာမှဆုံး၇ှုံးစ၇ာမ၇ှိ ၊ တစ်နေ့ကျ၇င် သုည အနေအထားနဲ့ပဲ ထွက်ခွါ၇မှာပဲလို့ အမြဲတမ်းပြောတတ်တဲ့ အဖေရဲ့ သည်းခံနိုင်စွမ်းတဲ့ စိတ်၊ ခွင့်လွတ်နိုင်စွမ်းတဲ့ စိတ် ကို လည်း သမီး အောက်မေ့တယ် ။ အဖေ နဲ့ အမေ ၇ဲ့ စကားတွေ ၊ ဆုံးမမှုတွေ၊ စိတ်ဓာတ်တွေ ကို သမီး လျှောက်ရတဲ့ လမ်းတစ်လျှောက်မှာ ခွန်အားတွေ အဖြစ် အသုံးချ နေပါတယ် ။

သမီး လမ်းဆက်လျှောက်၇င်း တစ်ခုသော ပန်းတိုင်ကိုေ၇ာက်တဲ့အခါ အဖေ နဲ့ အမေ ရဲ့ နွေးထွေးအိမ်ကို ပြန်လာခဲ့မှာပါ ။ သမီး ခြေထောက်တွေ ယိုင်နဲ့ခဲ့ချိန်တိုင်း အမေ့ စိတ်ဓာတ်နဲ့ အားတင်းခဲ့ပါတယ် ။ သမီး နှလုံးသား ပူလောင် ၊ နာကျင်ခံစား၇တိုင်း အဖေ့လို ခွင့်လွတ်တတ်တဲ့ စိတ်နဲ့ ပြန်လည် အေးမြခဲ့ပါတယ် ။ . ချစ်သောမျက်စိဖြင့် ကြည့်တတ်ပါစေ သမီး ၇ယ် ...တဲ့ ၊ အမေ ခဏခဏ ပြောတဲ့စကားကိုလည်း  သမီး မမေ့ပါဘူး ။ သမီး ကြိုးစားနေပါတယ် အမေ ။

အဖေ နဲ့ အမေ ရဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ သမီး ပန်းတိုင်ေ၇ာက်အောင် ဆက်လျှောက်သွားပါ့မယ် ။ ခုံအောက်မှာ ၀င်ပုန်းချင်နေတဲ့ သမီး၇ဲ့ ပျော့ညံမှုတွေကို သမီး ဖျောက်နိုင်အောင် လုပ်နေပါတယ်။ သမီးက အမြင့်ပျံငှက်တစ်ကောင် မဟုတ်သေးပါဘူး ။ တစ်ဖြည်းဖြည်း နဲ့ သာ လျှောက်တတ်တဲ့ လိပ်လေးတစ်ကောင်ပါ ။

အဖေ နဲ့ အမေ ..
အထီးကျန်ချိန်တွေ သိပ်မကြာနိုင်တော့ပါဘူး ။ သိပ်မကြာသောတစ်နေ့မှာ .. အဖေ ကို ကူဖို့ .. အမေ့ကို တစ်လှည့် အဖော်လုပ်ပေးဖို့ ...သမီး ပြန်လာခဲ့ပါမယ် ။ နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘ၀ ဆိုတာကို ငွေကြေးက မဦးဆောင်နိုင် ဘူး ။  မေတ္တာ နဲ့ အချိန်  ကသာ ဦးဆောင် နိုင်ကြောင်း သမီး သိလာပါပြီ ။

တစ်နေ့နေ့ ..
အဲဒီတစ်နေ့ ဆိုတာ ...
သိပ်မဝေးတော့ပါ ။
အဖေ နဲ့ အမေ .. ကျန်းကျန်းမာမာ နဲ့ သမီးတို့ကို ဆက်စောင့်ပေးကြပါ ။
သမီး နဲ့ မောင်လေး ... အဖေ နဲ့ အမေ တို့၇ဲ့ ၇င်ခွင်ကို အမြဲတမ်း အောက်မေ့၇င်း ...
အားတင်း၇င်း ... ရင်ဝေးအိမ် မှာ ကြိုစားနေပါတယ် ။



( အိမ်ကို လွမ်း မိ လို့  ... ချေ၇းမိသော စာတစ်စောင် ပါ ... )


ကြယ်စင်ဝိုင်း
22/01/2012
1:44 am

Saturday, 7 January 2012

မသိသလို ....

ချစ်သော ...ရန်သူ

ကျွန်မဘ၀မှာ ...
ရန်သူ တစ်ယောက် ဘယ်တော့မှ ..ရှိမလာနိုင်ဘူး လို့ ယုံကြည်ခဲ့တယ် ။


ကျွန်မ၇ဲ့   ...
နေ့ညတွေ ..ခံစားချက်တွေ ..နာကျင်ခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ၊ တိုင်တည်ခြင်းတွေ ...နဲ့  ကျွန်မဘ၀၇ဲ့  ကျန်နေတဲ့ သက်တမ်းတစ်ဝက် ၇ဲ့  အ၇ာအားလုံးကို သိမ်းပိုက်သွားခဲ့တယ် ။
ကျွန်မ၇ဲ့ နှလုံးသားကို အကျဉ်းချထားနိုင်ခဲ့တယ် ။
ကျွန်မ၇ဲ့ ခြေလှမ်းတွေ ၊ စိတ်ဝိညဉ်တွေကို  ချစ်တယ်ဆိုတဲ့ စကားသံတစ်ခွန်း ၊ အကြည့်တစ်ချက်က အိပ်မွေ့ချထားနိုင်တယ် ။
" မင်းအနားကနေ ငါ အချိန်မေ၇ွး လှည့်ထွက်သွားလို့၇တယ် " ဆိုတဲ့ စကားတစ်ခွန်းကလည်း
ကျွန်မနှလုံးသားကို မသေမ၇ှင် သတ်ပစ်လိုက်ပြီးပြီ ။

မောင်ဟာ ..
ကျွန်မနှလုံးသား၇ဲ့  ၇န်သူလည်း ဖြစ်တယ် ၊ ထာဝရ ချစ်သူလည်း ဖြစ်တယ် ။



ကြယ်စင်ဝိုင်း
7/1/12
4:44 pm